Connect with us

Hi, what are you looking for?

သတင်း

အောင်ဂျာဒေသ၌ ယနေ့နံနက် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ်သည် ယနေ့နံနက် ၈နာရီ ၄၀မိနစ်ခန့်တွင် တစ်ကြိမ်၊ ၉နာရီ ၉မိနစ်တွင် တစ်ကြိမ်၊ ၉နာရီ ၁၄မိနစ်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်။

(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)
(ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ဓာတ်ပုံ - KIA)

ကချင်ပြည်နယ် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်း မိုးမောက်မြို့နယ် အောင်ဂျာကျေးရွာအနီး၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၂ရက်) နံနက် ၆နာရီ ၄၀မိနစ်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

“အောင်ဂျာဘက် တိုက်ပွဲပြင်းထန်နေတယ်။ မြစ်ကြီးနားက ဂျက်ဖိုက်တာ သုံးစီးနဲ့ ဗုံးလာကြဲသွားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ယနေ့နံနက် ၈နာရီ ၄၀မိနစ်ခန့်တွင် တစ်ကြိမ်၊ ၉နာရီ ၉မိနစ်တွင် တစ်ကြိမ်၊ ၉နာရီ ၁၄မိနစ်တွင် တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှု အခြေအနေကို စုံစမ်းဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ အောင်ဂျာဒေသ၌ တိုက်ပွဲများ မကြာခဏပြင်းထန်လျက်ရှိပြီး KIAနှင့် စစ်ကောင်စီတပ်က အပြန်အလှန်လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများလည်းရှိသည်။ စစ်ကောင်စီတပ်သည် ဇူလိုင်လဆန်းမှစတင်ခဲ့သည့် ကချင်ဒေသထိုးစစ်တွင် အထိနာလျက်ရှိရာ ယခုနောက်ပိုင်း လေကြောင်း တိုက်ခိုက်မှုကို ယခင်ထက်ပိုမိုပြုလုပ်လာလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။