Connect with us

Hi, what are you looking for?

သတင်း

မြန်မာကမ်းလွန်စွမ်းအင်လုပ်ကွက်ကို ထိုင်းအစိုးရပိုင် PTTEP သက်တမ်းထပ်တိုးဖို့ရှိ

လုပ်ကွက် နှစ်ခုအနက် တစ်ခုဟာ လာမယ့် ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး ကျန်တစ်ခုကတော့နောက်ထပ် နှစ်၂၀ မှာ သက်တမ်းကုန်မှာပါ။

မြန်မာကမ်းလွန်စွမ်းအင်လုပ်ကွက်ကို ထိုင်းအစိုးရပိုင် PTTEP သက်တမ်းထပ်တိုးဖို့ရှိ
မြန်မာကမ်းလွန်စွမ်းအင်လုပ်ကွက်ကို ထိုင်းအစိုးရပိုင် PTTEP သက်တမ်းထပ်တိုးဖို့ရှိ

ထိုင်းအစိုးရပိုင် ရေနံ နဲ့ စွမ်းအင်ကုမ္ပဏီ (PTTEP) ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက် နှစ်ခုရဲ့လုပ်ပိုင်ခွင့် စာချုပ်သက်တမ်းကိုထပ်တိုးဖို့ရှိနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

လုပ်ကွက် နှစ်ခုအနက် တစ်ခုဟာ လာမယ့် ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး ကျန်တစ်ခုကတော့နောက်ထပ် နှစ်၂၀ မှာ သက်တမ်းကုန်မှာပါ။

အဲဒီလုပ်ကွက် ၂ ခုအတွက် စာချုပ်သက်တမ်းထပ်တိုးဖို့ရှိတယ်ဆိုတာကို ယူအေအီးနိုင်ငံမှာ ကျင်းပတဲ့ စွမ်းအင်ညီလာခံမှာ PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်က ရိုက်တာသတင်းဌာနကို အသိပေးတာပါ။

” ထပ်တိုးချဲ့ဖို့မဟုတ်ပါဘူး ၊ ထိုင်းနဲ့မြန်မာအတွက် စွမ်းအင်လုံလုံလောက်လာက်ရှိဖို့အတွက်ပါ” လို့ PTTEP ရဲ့ အမှုဆောင်အရာရှိချုပ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သက်တမ်းထပ်တိုးဖို့ရှိတဲ့ လုပ်ကွက် ၂ ခုကနေ မြန်မာနိုင်ငံစွမ်းအင်လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်း ၊ ထိုင်းနိုင်ငံအတွက် ၂၀ ရာခိုင်နှုန်းကိုထုတ်လုပ်ပေးနေတယ်လို့သိရပါတယ်။

PTTEP ရဲ့ ထိုင်းနိုင်ငံကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဟာ ထုတ်လုပ်မှု ကျဆင်းလာတာကိုရင်ဆိုင်နေရပါတယ်။

ဒါကြောင့် မြန်မာအပြင် မလေးရှားမှာလည်း သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို PTTEP ဟာ ရှာဖွေနေပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့်အမေရိကန်စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် ၊ ပြင်သစ်ကုမ္ပဏီတိုတယ်တို့ထွက်ခွာသွားချိန်မှာ PTTEP ဟာ လုပ်ပိုင်ခွင့်ပိုရလာနေပါတယ်။

စွမ်းအင်ကဏ္ဍဟာ စစ်ကောင်စီ ရဲ့အဓိက ဝင်ငွေ ရပေါက်ရလမ်းဖြစ်နေတဲ့အတွက် အနောက်နိုင်ငံ ကုမ္ပဏီကြီးတွေနည်းတူ ထွက်ခွာဖို့ PTTEP ကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုတာတွေရှိပါတယ်။

PTTEဟာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ဇောတိကသဘာဝဓာတ်ငွေ့လုပ်ကွက်ကို ဦးဆောင်လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီသလို ရဲတံခွန်နဲ့ ရတနာ လုပ်ကွက်တွေမှာလည်း ရှယ်ယာပါဝင်ထားပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီး (HRW) ရဲ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုဟာ ရတနာ ၊ရဲတံခွန်နဲ့ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းတွေကနေ နှစ်စဉ်အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော်ရရှိနေပြီး ငွေဝင်ပေါက်အကြီးမားဆုံးလည်းဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကုမ္ပဏီနဲ့ စီးပွားရေး လုပ်ငန်းတွေ ပိတ်သိမ်းမှု ပိုမို မြင့်တက်လာနေပြီး စီးပွားရေး လုပ်ငန်းကြီး တချို့ပါ အရှုံးပေါ်လို့ ပိတ်ရတဲ့ အခြေအနေတွေ ဖြစ်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နာမည်ခံ စီးပွားရေး လုပ်ငန်းတွေ ဟန်ပြ ထူထောင်ပြီး အိမ်ခြံမြေ ဝယ်ယူထားတဲ့ နိုင်ငံခြားသား ၁၃ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။