စစ်ကိုင်းမြို့လယ် သီရိမင်္ဂလာဂုံးကျော်တံတားပေါ်မှာ မနေ့ မနက်ပိုင်းက လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ ဆိုင်ကယ်ဝယ်ရောင်းပြုလုပ်နေသူ အသက် ၂၆ နှစ်အရွယ် ကိုဟိန်းထက် ဖြစ်ပါတယ်။

မနက် ၁၁ နာရီဝန်းကျင်မှာ နေအိမ်ကနေ ကွမ်းယာဝယ်ဖို့ ထွက်လာချိန် ဂုံးကျော်တံတားအလယ်မှာ ကားပေါ်ကနေ ပစ်ခတ်သွားတာလို့ သိရပါတယ်။
မေးရိုးဝဲဘက်ခြမ်း ကျည်ဖောက်ဝင်သွားပြီး စစ်ကိုင်းဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီအားပေးတယ်လီဂရမ်တွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြလာတာတွေ့ရပါတယ်။
ဓာတ်ပုံ − MDN

Public Service Announcement
