Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့လယ် ဂုံးတံတားမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မနက် ၁၁ နာရီဝန်းကျင်မှာ နေအိမ်ကနေ ကွမ်းယာဝယ်ဖို့ ထွက်လာချိန် ဂုံးကျော်တံတားအလယ်မှာ ကားပေါ်ကနေ ပစ်ခတ်သွားတာလို့ သိရပါတယ်။

စစ်ကိုင်းမြို့အဝင်ကိုတွေ့ရစဉ်
စစ်ကိုင်းမြို့အဝင်ကိုတွေ့ရစဉ်

စစ်ကိုင်းမြို့လယ် သီရိမင်္ဂလာဂုံးကျော်တံတားပေါ်မှာ မနေ့ မနက်ပိုင်းက လူငယ်အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ပစ်သတ်ခံရသူဟာ ဆိုင်ကယ်ဝယ်ရောင်းပြုလုပ်နေသူ အသက် ၂၆ နှစ်အရွယ် ကိုဟိန်းထက် ဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

မနက် ၁၁ နာရီဝန်းကျင်မှာ နေအိမ်ကနေ ကွမ်းယာဝယ်ဖို့ ထွက်လာချိန် ဂုံးကျော်တံတားအလယ်မှာ ကားပေါ်ကနေ ပစ်ခတ်သွားတာလို့ သိရပါတယ်။

မေးရိုးဝဲဘက်ခြမ်း ကျည်ဖောက်ဝင်သွားပြီး စစ်ကိုင်းဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ စစ်ကောင်စီအားပေးတယ်လီဂရမ်တွေမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြလာတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − MDN

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့အ​ခြေစိုက်၊တပ်မ(၃၃)ကိုပြန်လာတဲ့ စစ်တပ်ယာဉ်တန်း ဒီက​နေ့မှာမိုင်းဆွဲခံရပြီးထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့မှာ မနေ့က မေလ ၁၁ရက်တစ်ရက်တည်း လူ ၁၅၀နီးပါး စစ်တပ်ရဲ့ ဖမ်းဆီးပေါ်တာဆွဲခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေအတွက် “စစ်ကိုင်းဆီသို့” ကမ်ပိန်းမှ ထောက်ပို့တဲ့ကာကွယ်ရေးပစ္စည်းများ လက်ခံရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။