Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့အလစ်၀င်တိုက်၍ KIA တပ်စခန်းငယ်တစ်ခု စွန့်လွှတ်ရ၊ လက်နက်အချို့ ဆုံးရှုံး

အောက်တိုဘာ ၂ရက် နံနက်အစောပိုင်း၌ တနိုင်းလမ်းရှိ ရှဒူးဇွပ် အခြေစိုက် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က KIA၏ ကနွယ်တူ တပ်စခန်းကို တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနအချို့၏ ဖော်ပြချက်ကို ဒေသခံက အတည်ပြုသည်။

(KIA စခန်းမှသိမ်းဆည်းရရှိသည်ဆိုသော လက်နက်ခဲယမ်းများအား စစ်ကောင်စီကပြသထားစဉ်။ ဓာတ်ပုံ - စကစ)
(KIA စခန်းမှသိမ်းဆည်းရရှိသည်ဆိုသော လက်နက်ခဲယမ်းများအား စစ်ကောင်စီကပြသထားစဉ်။ ဓာတ်ပုံ - စကစ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်စခန်းငယ်တစ်ခုကို စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့၍ စခန်းကို စွန့်လွှတ်လိုက်ရကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၂ရက် နံနက်အစောပိုင်း၌ တနိုင်းလမ်းရှိ ရှဒူးဇွပ် အခြေစိုက် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က KIA၏ ကနွယ်တူ တပ်စခန်းကို တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနအချို့၏ ဖော်ပြချက်ကို ဒေသခံက အတည်ပြုသည်။

“အခြေအနေက အဲဒီ စခန်းကို လာသိမ်းလိုက်တယ်လို့ပြောတယ်။ရှဒူးဇွပ်ထိုင် ပြည်သူ့စစ်တွေပေါ့။ မင်းဇေသန်းအဖွဲ့။ အထိအခိုက်တော့ မကြားမိဘူး။ ဒါပေ့မဲ့ လက်နက်တော့ လွတ်သွားတယ်တဲ့”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါတပ်စခန်းသည် အင်အားအနည်းငယ်သာ ရှိသည့် စခန်းတစ်ခုဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ရေးအခြေအနေတော့ သိပ်တော့ တင်းမာတာတော့မရှိဘူး။ သူတို့က အလစ်အငိုက်ဝင်တိုက်ခိုက်လိုက်တဲ့သဘော။ စခန်းငယ်ပါပဲ။ လေးငါးခြောက်ယောက်လောက်ပဲနေတာ”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ယခင်ကလည်းKIAနှင့် မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့အကြား အပြန်အလှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။