Connect with us

Hi, what are you looking for?

သတင်း

တိုက်ကြီးအနီး ငလျင်ငယ် နှစ်ကြိမ်ဆက် လှုပ်

စက်တင်ဘာလ ၂၃ရက်ကလည်း ပဲခူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိမြေငလျင် လှုပ်ရှားခဲ့ရာ ရန်ကုန်မြို့အပါအဝင် အနီးဝန်းကျင်ရှိမြို့များ သိသိသာသာခံစားခဲ့ရသည်။

(တိုက်ကြီး မြို့နယ်နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(တိုက်ကြီး မြို့နယ်နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

တိုက်ကြီးမြို့အနီး၌ ယနေ့ ည‌နေပိုင်း မိနစ်အနည်းငယ်အတွင်း အင်အားအနည်းငယ်ရှိ​သောငလျင် နှစ်ကြိမ်လှုပ်ခဲ့သည်။

ရစ်(ခ်)တာစကေး၃ဒဿမ၉ နှင့် ရစ်(ခ်)တာစကေး၃ဒဿမ၃ ရှိ​သောငလျင်သည် ယနေ့(​အောက်တိုဘာ ၁၃) ညနေ ၆ နာရီ ၄၁ မိနစ်နှင့် ၆နာရီ ၄၃ မိနစ်တွင် လှုပ်ရှားသွားသည်ဟု ထိုင်းအမျိုးသားဘူမိဗေဒဌာန(TMD) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ရစ်(ခ်)တာစကေး၃ဒဿမ၉အဆင့်ဖြင့် လှုပ်ရှားခဲ့သည်ဟု ထုတ်ပြန်သည်။

ပြီးခဲ့သည့် နှစ်ရက် အောက်တိုဘာလ ၁၁ရက် နံနက်ကလည်း တိုက်ကြီးနှင့် အင်းတော်မြို့အနီး၌ ရစ်(ခ်)တာစကေး၄ဒဿမ၂ ရှိ​ သော​မြေငလျင် လှုပ်ခဲ့ရာ အင်းတော်၊ တိုက်ကြီး၊ လှည်းကူးမြို့အပြင် ရန်ကုန်မြို့၌လည်း ခံစားလိုက်ရသည်။

စက်တင်ဘာလ ၂၃ရက်ကလည်း ပဲခူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိမြေငလျင် လှုပ်ရှားခဲ့ရာ ရန်ကုန်မြို့အပါအဝင် အနီးဝန်းကျင်ရှိမြို့များ သိသိသာသာခံစားခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအတွင်း မြေးဖြစ်သူကို အစွမ်းကုန် ကာကွယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးကြီး တစ်ဦးအကြောင်း လူမှုကွန်ရက် မီဒီယာတွေမှာ လူပြောများနေပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန် ငလျင်ကြီးကြောင့် သေဆုံးသူဟာ ၃၅ ဦးထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းကမ်းလွန်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို ကမ်းရိုးတန်း ဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ အရေးပေါ် ထုတ်ပြန်ထားလိုက်ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ် ၂ခုမှာ မေလ ၂၆ရက် ညပိုင်းက နာရီပိုင်းပဲခြားပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၅နဲ့ ၄ ဒဿမ ၃အဆင့် ငလျင်လှုပ်ခတ်သွားပါတယ်။