တိုက်ကြီးမြို့အနီး၌ ယနေ့ ညနေပိုင်း မိနစ်အနည်းငယ်အတွင်း အင်အားအနည်းငယ်ရှိသောငလျင် နှစ်ကြိမ်လှုပ်ခဲ့သည်။
ရစ်(ခ်)တာစကေး၃ဒဿမ၉ နှင့် ရစ်(ခ်)တာစကေး၃ဒဿမ၃ ရှိသောငလျင်သည် ယနေ့(အောက်တိုဘာ ၁၃) ညနေ ၆ နာရီ ၄၁ မိနစ်နှင့် ၆နာရီ ၄၃ မိနစ်တွင် လှုပ်ရှားသွားသည်ဟု ထိုင်းအမျိုးသားဘူမိဗေဒဌာန(TMD) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ရစ်(ခ်)တာစကေး၃ဒဿမ၉အဆင့်ဖြင့် လှုပ်ရှားခဲ့သည်ဟု ထုတ်ပြန်သည်။
ပြီးခဲ့သည့် နှစ်ရက် အောက်တိုဘာလ ၁၁ရက် နံနက်ကလည်း တိုက်ကြီးနှင့် အင်းတော်မြို့အနီး၌ ရစ်(ခ်)တာစကေး၄ဒဿမ၂ ရှိ သောမြေငလျင် လှုပ်ခဲ့ရာ အင်းတော်၊ တိုက်ကြီး၊ လှည်းကူးမြို့အပြင် ရန်ကုန်မြို့၌လည်း ခံစားလိုက်ရသည်။
စက်တင်ဘာလ ၂၃ရက်ကလည်း ပဲခူးမြို့အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိမြေငလျင် လှုပ်ရှားခဲ့ရာ ရန်ကုန်မြို့အပါအဝင် အနီးဝန်းကျင်ရှိမြို့များ သိသိသာသာခံစားခဲ့ရသည်။
