Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ကျောက်တော်ကြီးဘုရားပွဲဈေး နေ့ခင်းချိန် ပေါက်ကွဲမှုဖြစ်

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညနေပိုင်းအချိန်မှာ ပွဲတော်ဆီ လာရောက်သူနည်းပါးသွားတယ်လို့ ပွဲဈေးကပြန်လာသူအချို့ကပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် တွေ့ရစဉ်
ပေါက်ကွဲမှု ဖြစ်ပြီးနောက် တွေ့ရစဉ်

မန္တလေးတောင်ခြေမှာ ကျင်းပနေတဲ့ ကျောက်တော်ကြီး ဘုရားပွဲဈေးမှာ ဒီနေ့ နေ့ခင်းပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး ဈေးသည် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။

ပေါက်ကွဲမှုဖြစ်ချိန်ဟာ ပွဲဈေး လူစည်ကားချိန် မဟုတ်ဘဲ နေ့ခင်း ၂ နာရီအချိန်မှာ ဖြစ်ပွားတာပါ။

စစ်ကောင်စီဘက်က ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်တာမျိုးမရှိပါဘူး။

ဒါပေမယ့် စစ်ကောင်စီအာဘော်တွေကိုဖြန့်ဝေတဲ့ တယ်လီဂရမ်အချို့မှာတော့ ပွဲတော် ကျင်းပရာ ၆၆ လမ်း နဲ့ ၁၁ လမ်းထောင့် အမှိုက်ပုံ က ပေါက်ကွဲမှုဖြစ်တာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ပွဲတော်ကျင်းပရာ နေရာအနီးမှာ စစ်ကောင်စီ တပ် လုံခြုံရေးယူထားတဲ့ အထူးစုံစမ်းစစ်ဆေးရေး (စစစ) ရုံး လည်းရှိပါတယ်။

ပေါက်ကွဲမှုကြောင့် အသက် ၄၀ အရွယ် ဈေးသည် အမျိုးသားထိခိုက်ဒဏ်ရာရပြီး မန္တလေး ဆေးရုံမှာ ကုသမှုခံယူနေရပေမယ့် မစိုးရိမ်ရဘူးလို့လည်းစုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ညနေပိုင်းအချိန်မှာ ပွဲတော်ဆီ လာရောက်သူနည်းပါးသွားတယ်လို့ ပွဲဈေးကပြန်လာသူအချို့ကပြောပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook