Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးကန့်နှင့် တအာင်းဒေသရှိ ကျေးရွာများကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ယနေ့ (အောက်တိုဘာ ၂၉ရက်)နံနက် ၃နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ချင်းရွှေဟော်မြို့ မာလီးဖျင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ​၏ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ​၏ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကျေးရွာများရှိ ပြည်သူလူထုနေအိမ်များပျက်စီးခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၂၉ရက်)နံနက် ၃နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ချင်းရွှေဟော်မြို့ မာလီးဖျင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထုနေအိမ်များ ပျက်စီးခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်ပင် စစ်ကောင်စီတပ်က ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ်များစွာ ပျက်စီးခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များကိုလည်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် နမ္မတူမြို့နယ် ရွာသစ်ပေါင်ဆာရွာ အတွင်းသို့ ယမန်နေ့ နေ့လယ်ပိုင်းက တိုက်လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်၅လုံး ထိမှန်ပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာ၌ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် မန်ပန်ရွာပတ်ဝန်းကျင် အနီးတွင်လည်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေယာဉ်နှင့် ဗုံး ၃ကြိမ်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ​၏ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကိုးကန့်နယ်မြေ ညိုဖျင်စီပါးကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒေသခံများ​၏ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Kokang)

အဆိုပါကျေးရွာအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှမရှိသလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တမင်ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန်သည်။

မဟာမိတ်တပ်များက စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ရက်မှစတင်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်း၊ အတွဲလိုက် ဒုံးအသုံးပြု ပစ်ခတ်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။