Connect with us

Hi, what are you looking for?

သတင်း

ဖောင်းဆိုင်ဗျူဟာကုန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ မုံးကိုးဗျူဟာသို့ ပူးပေါင်း

စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် MNDAAတာဝန်ရှိသူကို ဆက်သွယ်ပြီး သံချပ်ကာယာဉ်နှင့် တင့်ကားများ သိမ်းဆည်းရရှိမှု အခြေအနေကို မေးမြန်းထားဆဲဖြစ်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားပေါ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲဝင်များအလံလွှင့် နေစဥ်။ဓာတ်ပုံ-The Kokang)
(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားပေါ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲဝင်များအလံလွှင့် နေစဥ်။ဓာတ်ပုံ-The Kokang)

▪︎ဖောင်းဆိုင်တိုက်ပွဲမှ တင့်ကား၊ သံချပ်ကာယာဉ် ၄စီးသိမ်းနိုင်ခဲ့၍ ‘၁၀၂၇ စစ်ဆင်ရေး’အတွင်း တင့်ကားနှင့် သံချပ်ကာယာဉ် ၆စီးရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ ဖောင်းဆိုင်စစ်ကောင်စီစခန်းကို ကိုးကန့်တပ်မတော် (MNDAA)က စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ ယမန်နေ့တွင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာယာဉ်နှင့် တင့်ကားများကို သိမ်းဆည်းရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားပေါ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲဝင်များအလံလွှင့် နေစဥ်။ဓာတ်ပုံ-The Kokang)
(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားပေါ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲဝင်များအလံလွှင့် နေစဥ်။ဓာတ်ပုံ-The Kokang)

“မုံးကိုးမြို့နယ် ဖောင်းဆိုင် စကစ ဗျူဟာကုန်းစခန်းကို မနေ့ညက MNDAA တပ်ဖွဲ့တွေအပြီး တိုင်သိမ်းပိုက်နိုင်ခဲ့ပြီ။ ဖောင်းဆိုင်က စကစ စစ်သားတွေ မုံးကိုးမြို့ ဗျူဟာစခန်းကို ထွက်ပြေးသွားကြပြီ။ ဒီမနက် မုံးကိုးမြို့ ဗျူဟာကုန်းစခန်းကို ဝင်သွားကြပြီ။ဖောင်းဆိုင်ရှိ Tank ကား ၄စီးကို MNDAAက သိမ်းပိုက်ဖျက်ဆီးလိုက်ပါပြီ။ အရင် ရတာ ၂စီးနဲ့ဆို ၆စီးဟုတ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ဖောင်းဆိုင်မြို့ကို အောက်တိုဘာ ၃၀ရက် ညနေ ၆နာရီတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း အသိပေးထားသော်လည်း တိုက်ပွဲသတင်းအပြည့်အစုံနှင့် လက်နက်ခဲယမ်းများ၊ စစ်သုံးယာဉ်များ သိမ်းဆည်းရရှိမှု အခြေအနေ အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။

(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားပေါ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲဝင်များအလံလွှင့် နေစဥ်။ဓာတ်ပုံ-The Kokang)
(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားပေါ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲဝင်များအလံလွှင့် နေစဥ်။ဓာတ်ပုံ-The Kokang)

စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် MNDAAတာဝန်ရှိသူကို ဆက်သွယ်ပြီး သံချပ်ကာယာဉ်နှင့် တင့်ကားများ သိမ်းဆည်းရရှိမှု အခြေအနေကို မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ထွက်ပေါ်လာသည့် တိုက်ပွဲသတင်းရုပ်သံတွင် စစ်ကောင်စီသံချပ်ကာယာဉ်၊ တင့်ကား ၂စီးတို့ကို မဟာမိတ်တပ်များက သိမ်းပိုက်ထားနိုင်သည်ကိုတွေ့ရသည်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ကိုးကန့် ခရိုင်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီ၏ ဗျူဟာမြောက်လက်နက်များ၊ စစ်သုံးယာဉ်များ ၊ ခဲယမ်း၊ ကျည်များစွာကို မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။