Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်း ယာကြီးပြင်စစ်ဆေးရေးဂိတ်ကို PDFများ တိုက်ခိုက်

ယင်းစစ်ဆင်ရေးအား Chauk Guerilla Force(C.G.F) ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့၊ ချောက်(ပကဖ)၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ရေနံ​ချောင်းမြို့အဝင်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(ရေနံ​ချောင်းမြို့အဝင်တစ်နေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် ယာကြီးပြင်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား PDF သုံးဖွဲ့ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၉ ရက် ည၁၁နာရီခန့်က ပူးပေါင်းတပ်ဖွဲ့သည် မြို့ရှောင်လမ်းပေါ်ရှိ စစ်ကောင်စီတပ်သား ငါးဦးခန့်ရှိသော ယာကြီးပြင်ဂိတ်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chauk Guerilla Force(C.G.F)အဖွဲ့၏ ခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

အဆိုပါ ဂိတ်အားပစ်ခတ်တိုက်ခိုက်ပြီးမကြာမီ ကင်းလှည့်ယာဥ်နှစ်စီး စစ်ကူရောက်လာ၍ မိနစ်၃၀ကြာ ဆက်လက်တိုက်ခိုက်ခဲ့သည်ဟု PDF ပူးပေါင်းအဖွဲ့က ဆိုသည်။

“ရေနံချောင်းနဲ့ မကွေးကိုသွားတဲ့လမ်းပေါ်က ယာကြီးပြင်ရွာက ဂိတ်ပါ။ ကျွန်တော်တို့ကတော့ အပြီးအပြတ်စီးနင်းချေမှုန်းဖို့ သွားတာပါ။ သူတို့ဘက်ကအလွယ်တကူစစ်ကူရောက်လာတဲ့အတွက် ကျွန်တော်တို့ပြန်ဆုတ်ခဲ့တာ။ ကျွန်တော်တို့က သူတို့ကင်းပုန်းဝပ်နိုင်လောက်တဲ့နေရာ ခြံစည်းရိုးနားတွေအထိ ချည်းကပ်နိုင်ခဲ့တယ်။”ဟု Chauk Guerilla Force(C.G.F)အဖွဲ့၏ ခေါင်းဆောင် ဗိုလ်ပေတက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါဂိတ်သည် ဖြတ်သန်းသွားလာသည့် ပြည်သူများ၏ယာဥ်များအား စစ်ဆေးငွေတောင်းခံလေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းစစ်ဆင်ရေးအား Chauk Guerilla Force(C.G.F) ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့၊ ချောက်(ပကဖ)၊ မကွေးခရိုင် အမှတ်(၂)တပ်ရင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယာကြီးပြင် စစ်ဆေးရေးဂိတ်သည် ဇွန်လ ၁၆ရက် နံနက်ပိုင်းကလည်း ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။