Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမေရိကန်၊ ယူကေ၊ ကနေဒါတို့က စစ်တပ်အတွက် လက်နက် နှင့် ငွေကြေးထောက်ပံ့ပေးနေသည့် လူပုဂ္ဂိုလ် ​ငါးဦး နှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို ဒဏ်ခတ်ပိတ်ဆို့

စတုတ္ထမြောက် အ​ရေးယူဒဏ်ခတ်ခံရ​သောပုဂ္ဂိုလ်မှာ Yatanarpon Aviation Services ၏ ဒါရိုက်တာဖြစ်ပြီး Mottama Holdings နဲ့ လက်တွဲလုပ်ကိုင်သူ စစ်တိုင်း​အောင်ဖြစ်သည်။ ၎င်းသည်လည်း ကျော်မင်းဦးကဲ့သို့ အရပ်သားပြည်သူများကို ဖိနှိပ်ရာတွင်ပါဝင်ခဲ့သူဖြစ်သည်။

အမေရိကန်၊ ယူကေ ၊ကနေဒါတို့က စစ်တပ်အတွက် လက်နက် နှင့် ငွေကြေးထောက်ပံ့ပေးနေသည့် လူပုဂ္ဂိုလ် ​ငါးဦး နှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို ဒဏ်ခတ်ပိတ်ဆို့
အမေရိကန်၊ ယူကေ ၊ကနေဒါတို့က စစ်တပ်အတွက် လက်နက် နှင့် ငွေကြေးထောက်ပံ့ပေးနေသည့် လူပုဂ္ဂိုလ် ​ငါးဦး နှင့် စီးပွားရေးလုပ်ငန်းတစ်ခုကို ဒဏ်ခတ်ပိတ်ဆို့

စစ်​ကောင်စီတပ်ကို လက်နက်တင်သွင်းပေးခြင်း နှင့် ငွေကြေးထောက်ပံ့နေသည် ဦးတေဇသားနှစ်ဦးအပါအဝင်လူပုဂ္ဂိုလ်​ ငါးဦး နှင့် စီးပွားရေးလုပ်ငန်း တစ်ခုတို့ကို ယူကေ၊အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ပူးပေါင်း၍ ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဗြိတိန်နိုင်ငံက ကြေညာလိုက်သည်။

စစ်​ကောင်စီအပေါ် ဖိအားများ တိုးမြှင့်လိုက်သည့်အနေဖြင့် စစ်တပ်လုံခြုံရေးတပ်ဖွဲများထံ ကန့်သတ်ကုန်ပစ္စည်းများ တင်သွင်းပေးနေသော လက်နက်တင်သွင်းဖြန့်ဖြူးပေးသူများနှင့် စစ်တပ်အား ငွေကြေးထောက်ပံ့နေသူများကို ပစ်မှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆိုမှုအသစ်များကို အောက်တိုဘာ ၃၁ရက်က ထက်မံချက်မှတ်လိုက်ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

“ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရရဲ့ အဓိကရင်းမြစ်နှင့်၀င်ငွေရရှိနေတဲ့ လမ်းကြောင်းတွေကို အကန့်အသတ်ဖြစ်စေပြီး ရက်စက်တဲ့တိုက်ခိုက်မှုတွေကိုတားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောသည်။

ဦး​တေဇနှင့် ၎င်း၏သားနှစ်​ယောက်ဖြစ်​သော ပြည့်ဖြိုး​တေဇ နှင့်ထူးထက်​တေဇ
ဦး​တေဇနှင့် ၎င်း၏သားနှစ်​ယောက်ဖြစ်​သော ပြည့်ဖြိုး​တေဇ နှင့်ထူးထက်​တေဇ

ဒဏ်ခံပိတ်ဆို့ရသူများထဲမှ တစ်ဦးသည် Dynasty International ၏ Procurement & Supply ဌာနမှုးမျိုးသစ္စာဖြစ်ပြီး ၎င်းသည် ကန့်သတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို တင်သွင်းခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ယူကေကဆိုထားသည်။

ဒဏ်ခတ်ပိတ်ဆို့ခံသူနှစ်ဦးမှာ ခရိုနီ ဦးတေဇသားများဖြစ်သည့် ထူးကုမ္ပဏီအုပ်စု ၏ ဒါရိုက်တာ ထူထက်တေဇ နှင့် ပြည့်ဖြိုးတေဇဖြစ်သည်။ ပြည်ဖြိုး​တေဇ သည် Myanmar Avia Services ၊ Yangon Aircraft Engineering Company Limited နှင့် ထူးကုမ္ပဏီများ အုပ်စု (Htoo Group of Companies) တိုတွင် လုပ်ကိုင်နေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

၎င်းတို့သည် ကုန့်သတ်ကုန်ပစ္စည်းများ၊ ကန့်သတ်နည်းပညာများနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံကို တင်သွင်းခြင်း၊ စစ်ကောင်စီလုံခြုံရေးတပ်များထံကို ငွေကြေးနှင့် စီးပွားရေးအရင်းအမြစ်များ ထောက်ပံ့ပိုးခြင်းတို့ဖြင့် အရပ်သားပြည်သူများကို ဖိနှိပ်ရာတွင်ပါဝင်ခဲ့သည်ဟုလည်းဆိုထားသည်။

ဒဏ်ခတ်ပိတ်ဆို့ခံရသူ နောက်တစ်ဦးမှာ Sky Aviator Company Limited ၏ ဒါရိုက်တာ ကျော်မင်းဦးဖြစ်သည်။ ၎င်းသည်ကန့်သတ်ကုန်ပစ္စည်းများ၊နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကို စစ်‌​ကောင်စီအတွက် တင်သွင်းပေးခြင်းဖြင့် အရပ်သားပြည်သူများကို ဖိနှိပ်ရာတွင်ပါဝင်ခဲ့သည်။

စတုတ္ထမြောက် အ​ရေးယူဒဏ်ခတ်ခံရ​သောပုဂ္ဂိုလ်မှာ Yatanarpon Aviation Services ၏ ဒါရိုက်တာဖြစ်ပြီး Mottama Holdings နဲ့ လက်တွဲလုပ်ကိုင်သူ စစ်တိုင်း​အောင်ဖြစ်သည်။ ၎င်းသည်လည်း ကျော်မင်းဦးကဲ့သို့ အရပ်သားပြည်သူများကို ဖိနှိပ်ရာတွင်ပါဝင်ခဲ့သူဖြစ်သည်။

စစ်တိုင်း​အောင်
စစ်တိုင်း​အောင်

ဒဏ်ခတ်ပိတ်ဆို့ခံရသည့် စီးပွားရေးလုပ်ငန်းမှာInternational Group of Entrepreneur Services Company Limited (IGE)ဖြစ်ပြီး ၎င်းသည် စစ်တပ်လုံခြုံရေးတပ်ဖွဲများအတွက် ရန်ပုံငွေများ နှင့် အခြားစီးပွားရေးရင်းမြစ်များ ပံ့ပိုးပေးခြင်းဖြင့် အရပ်သားပြည်သူများအား ဖိနှိပ်မှုတွင် ပါဝင်ခဲ့သည်ဟု ယူကေနိုင်ငံကဆိုထားသည်။ IGE သည် ဝန်ကြီး​ဟောင်း ဦး​အောင်​သောင်း၏ သား ​နေ​အောင် အဓိကပိုင်ဆိုင်​သောလုပ်ငန်းဖြစ်သည်။

ယူကေအစိုးရအနေဖြင့် မြန်မာစစ်တပ်ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန် နှင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ အဆုံးသတ်ရန် ဆက်လက်တောင်းဆိုသွားပြီး ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူများကို ဆက်လက်ရပ်တည်ပံ့ပိုးသွားမည်ဟုလည်းဆိုထားသည်။

စစ်ကောင်စီအတွက် နိုင်ငံခြားငွေရှာဖွေပေးနေသည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်(MOGE)ကို အမေရိကန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ကြောင်း အောက်တိုဘာ ၃၁ရက်က ထုတ်ပြန်ကြေညာခဲ့သည်။