Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်စခန်းများစီးနင်းခံရပြီး ခုခံရန်မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင်ရန် စစ်ကောင်စီထောက်ခံ‌သော တယ်လီဂရန်ချန်နယ်များ စတင်ဖြန့်ဝေနေ

စခန်းများမှဆုတ်ခွာရန် လှုံ့ဆော်နေခြင်းသည် ရှေ့တန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ​တော်လှန်​​ရေးအဖွဲ့များထံ လက်နက်ချအလင်းဝင်သွားမည်ကို စိုးရိမ်ခြင်းကြောင့်ဟု စစ်ရေးလေ့လာသုံးသပ်သူချို့က ပြောသည်။

တပ်စခန်းများစီးနင်းခံရပြီး ခုခံရန်မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင်ရန် စစ်ကောင်စီထောက်ခံ‌သော တယ်လီဂရန်ချန်နယ်များ စတင်ဖြန့်ဝေနေ
တပ်စခန်းများစီးနင်းခံရပြီး ခုခံရန်မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင်ရန် စစ်ကောင်စီထောက်ခံ‌သော တယ်လီဂရန်ချန်နယ်များ စတင်ဖြန့်ဝေနေ

▪︎စခန်းများမှဆုတ်ခွာရန် လှုံ့ဆော်နေခြင်းသည် ရှေ့တန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်သွားမည်ကို စိုးရိမ်ခြင်းကြောင့်ဟု စစ်ရေးလေ့လာသုံးသပ်သူချို့က​ပြော

တပ်စခန်းများစီးနင်းတိုက်ခိုက်ခံရပြီး ခုခံရန်မဖြစ်နိုင်တော့ပါက ဆုတ်ခွာစစ်ဆင်ရန် စစ်ကောင်စီထောက်ခံ‌သော တယ်လီဂရန်ချန်နယ်များတွင် ယ‌နေ့ စတင်ဖြန့်ဝေနေကြသည်။

ခံစစ်စခန်းများအား ရန်သူက သာလွန်အင်အားဖြင့်တိုက်ခိုက်လာချိန် ဆက်လက်ခံစစ်ဆင်ရန်မဖြစ်နိုင်တော့ပါက အထက်ဌာန၏အမိန့်အရ ခွာစစ်ဆင်ရပါက လုပ်ဆောင်ရမည့်အချက်များကို ယနေ့(နိုဝင်ဘာလ ၁ရက်) နံနက်မှစကာ ဖြန့်ဝေနေကြခြင်းဖြစ်သည်။

ထိုသို့ ဖြန့်ဝေရာတွင် မြေပြင်သတင်းမှန်များဖုံးကွယ်ပြီး သတင်းမှားများဖြင့် လှုံ့ဆော်ထားသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်မှ နမ့်ဟိုင်းစခန်းအား မြောက်ပိုင်းမဟာမိတ်အဖွဲ့က အသာလွန်အင်အားဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့သော်လည်း ၇၂နာရီကျော်ကြာ ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ အထက်အမိန့်အရ ခွာစစ်ဆင်ရန်အမိန့်ရရှိခဲ့ချိန်တွင် လက်နက်ခဲယမ်းရိက္ခာများအား ဖောက်ခွဲဖျက်ဆီးမီးရှို့နိုင်ခဲ့ပြီး နမ့်ဟိုင်းစခန်းထဲတွင် ထောင်ချောက်မိုင်းများစွာ ထောင်ထားခဲ့ရာ ရန်သူ့ရုပ်အလောင်းများ ကားသုံးစီးတိုက်သယ်ယူသွားကြောင်း သတင်းမှားဖြန့်ဝေထားသည်။

Public Service Announcement

Public Service Announcement

သို့သော် နမ့်ဟိုင်းစခန်းအား အောက်တိုဘာ ၃၁ရက်တွင် ကချင်လွပ်လပ်ရေးတပ်မ‌တော် (KIA)နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့က ချေမှုန်းသိမ်းပိုက်ခဲ့ခြင်းဟု ‌’၁၀၂၇ စစ်ဆင်ရေး’သတင်းထုတ်ပြန်ရေးစာမျက်နှာ Operation 1027 – 3BHM က ထုတ်ပြန်ထားသည်။

စခန်းများမှဆုတ်ခွာရန် လှုံ့ဆော်နေခြင်းသည် ရှေ့တန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ​တော်လှန်​​ရေးအဖွဲ့များထံ လက်နက်ချအလင်းဝင်သွားမည်ကို စိုးရိမ်ခြင်းကြောင့်ဟု စစ်ရေးလေ့လာသုံးသပ်သူချို့က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ ခလရ(၁၄၃)တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ်သုံးဖွဲ့ထံ လက်နက်ချအလင်းဝင်လာကြောင်း MNDAA က ယနေ့ထုတ်ပြန်သည်။ ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေချတပ်ထိုင်သော ခလရ (၁၄၃)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦးသည် လက်နက်ချအလင်းဝင်လာခဲ့ပြီး ဒု-တပ်ရင်းမှူးတစ်ဦးနှင့် တပ်ခွဲမှူးနှစ်ဦးပါဝင်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ လက်နက်အပ်အလင်းဝင်ပါက အသက်အာမခံချက်အပြင် မိသားစုနှင့်ပေါင်းစည်းရေးပါဆောင်ရွက်ပေးမည်ဟု မြောက်ပိုင်းမဟာမိတ် 3 ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)နှင့်ရက္ခိုင့်တပ်တော်(AA) တို့က ယမန်နေ့ (အောက်တိုဘာ ၃၁ရက်)တွင် ထုတ်ပြန်ခဲ့သည်။

‘၁၀၂၇ စစ်ဆင်ရေး’ကို ဆင်နွှဲနေသည့် ညီနောင်သုံးဖွဲ့အနေဖြင့် စစ်ဆင်ရေးရည်မှန်းချက် ပြည့်မြောက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် မြန်မာ့တပ်မတော်သားများ အနေဖြင့် ညီနောင်သုံးဖွဲ့နှင့် ရင်ဆိုင်ထားရသော စစ်စခန်းများမှနေ၍ လက်နက်အပ်နှံ၍လည်းကောင်း၊ အလင်းဝင်ရောက်၍ သော်လည်းကောင်း အမြန်ဆုံး ဆက်သွယ် အသိပေးရန် ဖော်ပြထားသည်။

ညီနောင်သုံးဖွဲ့ထံ ရောက်ရှိလာသူများအား အသက်အန္တရာယ်လုံခြုံရေးကို အထူးအာမခံပြီး လူဂုဏ်သိက္ခာ ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမည်ဟု အသိပေးထားသည်။

ထို့ပြင် မည်သည့်ညှင်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုးကိုမှ မပြုလုပ်ကြောင်း၊ မိသားစု ဆွေမျိုးများနှင့် အမြန်ဆုံး ပြန်လည်ပေါင်းစည်းခွင့်ရအောင် အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းခရီးသွားလာရန်အတွက် လိုအပ်မည့်ခရီးစရီတ်များကို အတက်နိုင်ဆုံး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မကျန်းမမာဖြစ်နေသော သူများကိုလည်း ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်မှု များဖြင့် အတက်နိုင်ဆုံး စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။