Connect with us

Hi, what are you looking for?

သတင်း

စစ်ဆင်​ရေး ၆ ရက်​မြောက်​နေ့တွင်ရှမ်းမြောက်ရှိစစ်တပ်စခန်း သုံးခုထက်မနည်းကို ညီနောင်မဟာမိတ်တပ်များ ယနေ့ သိမ်းပိုက်

နိုဝင်ဘာ ၁ရက်တွင် ‘၁၀၂၇ စစ်ဆင်ရေး’ဆက်လက်ဆင်နွှဲခဲ့ရာ တအာင်းတပ်မတော်(TNLA) သည် နမ့်ခမ်းမြို့အဝင်ရှိ စစ်ကောင်စီစခန်း တစ်ခု၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

(MNDAAက ကိုးကန့်ခရိုင် တုန်းရှမ်း‌ဒေသ မန်တုံပရှိစစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(MNDAAက ကိုးကန့်ခရိုင် တုန်းရှမ်း‌ဒေသ မန်တုံပရှိစစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

▪︎ကွမ်းလုံအမြောက်တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေဟု အသိပေး

ညီနောင်မဟာမိတ်သုံးဖွဲ့ဆင်နွှဲနေသည့် ‘၁၀၂၇ စစ်ဆင်ရေး’ ၆ရက်မြောက်နေ့ဖြစ်သည့် ယနေ့တွင်လည်း ရှမ်းမြောက် ရှိစစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်း ထပ်မံသိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် ဒေသသတင်းရင်းမြစ်တို့က အသိပေးသည်။

နိုဝင်ဘာ ၁ရက်တွင် ‘၁၀၂၇ စစ်ဆင်ရေး’ဆက်လက်ဆင်နွှဲခဲ့ရာ တအာင်းတပ်မတော်(TNLA) သည် နမ့်ခမ်းမြို့အဝင်ရှိ စစ်ကောင်စီစခန်း တစ်ခု၊ ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။

မူဆယ်-နမ့်ခမ်းမြို့အဝင် စစ်ကောင်စီ+ပ.သ.စ မန်ခမ်းတပ်စခန်းကို ယနေ့ (နိုဝင်ဘာ ၁ရက်) နေ့လယ် ၄နာရီခန့်တွင် သိမ်းပိုက်ရှင်းလင်းခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။ ထို့ပြင် ကွတ်ခိုင်မြို့နယ် မိုင်းယု-နမ့်ဖတ်ကာကြားရှိ စစ်ကောင်စီ ရင်ကွဲတောင်တပ်စခန်းကိုလည်း မွန်းလွဲ ၃နာရီ ၁၅မိနစ်တွင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြသည်။

နောင်ချိုမြို့နယ်တွင် စစ်ကား (၂၂)စီးဖြင့် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် အုမ္မခါးကျေးရွာတွင် ယနေ့ ညနေပိုင်းကစပြီးတိုက်ပွဲပြင်းထန်နေသည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကိုးကန့်တပ်မတော်(MNDAA)ကလည်း ယနေ့တွင် တိုက်ပွဲသတင်းထုတ်ပြန်ရာ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ ၊မန်တုံပတပ်စခန်းကိုသိမ်းယူခဲ့သည်ဟု အသိပေးသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်ပစ္စည်းအချို့ကို လည်း သိမ်းဆည်းရရှိခဲ့ဟု အသိပေးသည်။

MNDAA ၊ မူပန်(သိန္နီ)ဒေသလုံခြုံရေးအဖွဲ့ နှင့် AA အဖွဲ့တို့သည် ကွမ်းလုံ‌မြို့နယ်ရှိ စစ်ကောင်စီ ၏အမြောက်တပ်ရင်း(၁၂၇)စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတပ်စခန်း၏ ပထမ လုံခြုံရေးစည်းကို ထိုးဖောက်နိုင်ခဲ့ပြီး ဒုတိယစည်းကို စစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့တို့သည် မုံးကိုးဒေသတွင် မြေပြင်ရှင်းလင်း‌ရေးများ ကို ဆက်လက်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ထပ်မံဖမ်းဆီးရရှိခဲ့သည်ဟု ဆိုသည်။

ညီနောင်မဟာမိတ်တပ်များ၏ ထုတ်ပြန်ချက်များအရ စစ်ဆင်ရေး ၆ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၉၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-နမ့်ခမ်းလမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်က ရဲဘော် ၁ဦး ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ဦး ဒဏ်ရာရတဲ့အပေါ် ဒေသခံတွေက ဆန္ဒပြခဲ့သလို ဂိတ်ရှိ တဲအချို့ကိုဖျက်ဆီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) နယ်မြေ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဩဂုတ် ၁၄ရက်မှာ လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။