Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

၁၀၂၇ စစ်ဆင်ရေး သုံးရက်အတွင်း စစ်ကောင်စီ တပ်စခန်း ၅၇ ခုသိမ်းပိုက်ပြီးဖြစ်ဟု MNDAA ပြော

စစ်ဆင်ရေး၏ တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)

▪︎စစ်ကောင်စီတပ် အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများ၊ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိဟုညီနောင်သုံးဖွဲ့ ထုတ်ပြန်

ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် မဟာမိတ်တပ်များ ပူးပေါင်းဆောင်ရွက်နေသည့် ၁၀၂၇ စစ်ဆင်ရေးစတင်ချိန် အောက်တိုဘာ ၂၇ရက်မှ ယနေ့အချိန်ထိ စစ်ကောင်စီတပ်စခန်း ၅၇ ခုကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

ယနေ့ အောက်တိုဘာ ၂၉ရက်တွင် MNDAAက ကိုးကန့် ၊ မုံးကိုး၊ လားရှိုး၊ သိန္နီ၊ နမ့်စလပ် ဒေသများ၌ စစ်ဆင်ခဲ့ရာ နံနက် ၁၁နာရီအချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၁ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။

“ကျနော်တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးလုပ်ငန်း စဉ်ကြီးစတင်တဲ့အချိန်ကနေ ယနေ့အချိန်ထိတော့ တပ်စခန်း စုစုပေါင်း ၅၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပါပြီ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)

ညီနောင်သုံးဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး-တတိယနေ့ တိုက်ပွဲသတင်းများကိုအောက်တိုဘာလ (၂၉) ရက်၊ နေ့လည် (၁) နာရီခွဲတွင် ထုတ်ပြန်ခဲ့ရာသတ်မှတ်ထားသော ရန်သူ့ စခန်းများနှင့် ရန်သူ့ပစ်မှတ်များကို ဆက်လက်သိမ်းပိုက်ရယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နွေဦးတော်လှန်ရေးမှပေါက်ဖွားလာပြီး တော်လှန်ရေးထဲတွင် လက်ရှိအချိန်အထိ ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြသော တော်လှန်ရေးအဖွဲ့အစည်းအချို့နှင့်လည်း ဟန်ချက်ညီစစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေး၏ တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်းထုတ်ပြန်သည်။

(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)

TNLA တပ်မဟာ (၂) စစ်ဒေသ အတွင်း နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်း ကျေးရွာ၌လည်ကောင်း တအာင်းတပ်မတော် + မိုးကုတ်ဗျူဟာ (PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအား ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

“သိန္နီ” ရဲစခန်းကိုလည်း ယနေ့နံနက်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်သည်။ ထို့အတူ သိန္နီမြို့နယ်အတွင်းရှိ “နမ့်စလပ်” ရဲစခန်းကို ယမန်နေ့ အောက်တိုဘာလ(၂၈) ရက်နေ့တွင် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ လားရှိုးမြို့၊ အရှေ့ဘက်ခြမ်း၊ (၄၀၀) ကီလိုမီတာကျော်အကွာအဝေးရှိ ရန်သူ့စစ်စခန်း (၂)ခု ကို တပြိုက်နက်တည်းသိမ်းပိုက်နိုင်ခဲ့သည် အသိပေးသည်။ထို့ပြင် သိန္နီမြို့နယ် “မာချီနော့” စစ်တပ် စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဆိုသည်။ ချင်းရွှေဟော်ဒေသ “ယာခုတ်ကိုက်” စစ်တပ်စခန်းနှင့်မုံးကိုးခရိုင် “နမ်ယမ်” စစ်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)
(စစ်​ကောင်စီတပ်ထံမှ စစ်စခန်းများသိမ်းပိုက်ပြီး​နောက်​တော်လှန်​ရေးအဖွဲ့များက လက်နက်၊ခဲယမ်း၊စစ်သုံးပစ္စည်းနှင့် စစ်သုံ့ပန်းများကို​သိမ်းပိုက်ရရှိစဥ်။ဓါတ်ပုံ-The Kokang)

အခြားသောနေရာအချို့၌ရှိသော စစ်ကောင်စီ၏ စစ်ဖက်ဆိုင်ရာတပ်စခန်းများကို မိမိတို့အနေဖြင့် စစ်ဆင်ရေး ဆက်လက် ပြုလုပ်လျက်ရှိသည်ဟု အသိပေးထားပြီးရန့်သူ့အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိ ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။