Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဖြစ်ပွားနေ

၁၀၂၇ စစ်ဆင်​ရေးနှင့်အတူ ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ရက်တွင် တိုက်တွန်းထားသည်။

(၂၀၁၂ ဇန်န၀ါရီ ၃၁ရက်က ကျင်းပတဲ့ (၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)
(၂၀၁၂ ဇန်န၀ါရီ ၃၁ရက်က ကျင်းပတဲ့ (၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)

ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့တွင် ယနေ့ နံနက် ၅နာရီခန့်မှစတင်ပြီး တိုက်ပွဲဖြစ်နေခြင်းဟု ဒေသခံများကပြောသည်။

” တိုက်ပွဲဖြစ်နေတာအခုထိ ကြားနေရတယ်။ အရပ်သား ထိခိုက်မှုတွေလည်း ရှိနေပါတယ်” ဟု ‌ဒေသခံတစ်ဦးက နံနက် ၉နာရီခွဲတွင် ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့တွင်လည်း ယမန်‌နေ့(နိုဝင်ဘာလ ၁ရက်) ည ၈နာရီမှစ၍ တိုက်ပွဲဖြစ်နေပြီး ယနေ့ နံနက် ၉နာရီခွဲအထိ ပစ်ခတ်သံများကြားနေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” မြို့ထဲတင် ချနေတာ။ အပြင်ကို လုံးဝထွက်မရဘူး။ ပုန်းနေရတယ်။ တိုက်ပွဲက ဆက်မှာလို့ ကြားနေရတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်​ရေးနှင့်အတူ ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ရက်တွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော