Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယနေ့နံနက် တိုက်ပွဲဖြစ်ပွားနေ

၁၀၂၇ စစ်ဆင်​ရေးနှင့်အတူ ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ရက်တွင် တိုက်တွန်းထားသည်။

(၂၀၁၂ ဇန်န၀ါရီ ၃၁ရက်က ကျင်းပတဲ့ (၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)
(၂၀၁၂ ဇန်န၀ါရီ ၃၁ရက်က ကျင်းပတဲ့ (၆၃)နှစ်မြောက် ကရင်တော်လှန်ရေးနေ့အခမ်းအနား၌ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရိုက်တာ)

ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့တွင် ယနေ့ နံနက် ၅နာရီခန့်မှစတင်ပြီး တိုက်ပွဲဖြစ်နေခြင်းဟု ဒေသခံများကပြောသည်။

” တိုက်ပွဲဖြစ်နေတာအခုထိ ကြားနေရတယ်။ အရပ်သား ထိခိုက်မှုတွေလည်း ရှိနေပါတယ်” ဟု ‌ဒေသခံတစ်ဦးက နံနက် ၉နာရီခွဲတွင် ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့တွင်လည်း ယမန်‌နေ့(နိုဝင်ဘာလ ၁ရက်) ည ၈နာရီမှစ၍ တိုက်ပွဲဖြစ်နေပြီး ယနေ့ နံနက် ၉နာရီခွဲအထိ ပစ်ခတ်သံများကြားနေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” မြို့ထဲတင် ချနေတာ။ အပြင်ကို လုံးဝထွက်မရဘူး။ ပုန်းနေရတယ်။ တိုက်ပွဲက ဆက်မှာလို့ ကြားနေရတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့ခံတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်​ရေးနှင့်အတူ ဒေသပေါင်းစုံမှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်ကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ရက်တွင် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။