Connect with us

Hi, what are you looking for?

သတင်း

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေ နေ့စဉ်နီးပါးတိုက်ခိုက်ခံရ

ကြာအင်းဆိပ်ကြီးမြို့ဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာပါပြီး အခုနှစ်ဆန်းပိုင်းမှာ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းထဲထိ ကရင့်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေ နေ့စဉ်နီးပါးတိုက်ခိုက်ခံရ
ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီစခန်းတွေ နေ့စဉ်နီးပါးတိုက်ခိုက်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထဲက စစ်ကောင်စီ ရဲစခန်းနဲ့ ဌာနဆိုင်ရာ ရုံးတွေကို ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့တယ်လို့ NUG လက်အောက်ခံ အထူးစစ်ဆင်ရေးအဖွဲ့က ဖော်ပြပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ် အခြေပြု ခြေမြန်တပ်ရင်း အမှတ် ခမရ ၅၅၈ရဲ့ စစ်စခန်း ၊မြို့မရဲစခန်း ၊ ထွေအုပ်ရုံး ၊မြေစာရင်း ရုံး တွေကို ဒရုန်းတပ်ဖွဲ့ နဲ့ပေါင်းပြီး တိုက်ခိုက်တာလို့သိရပါတယ်။

ဇူလိုင်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၆ ရက် အတွင်း နေ့စဉ်နီးပါး ဒရုန်းနဲ့ ဗုံးချတာ ၊ လက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်သေကြေမှုရှိသလို စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ပူးပေါင်းတပ်ဘက်က ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ကြာအင်းဆိပ်ကြီးမြို့ဟာ KNU တပ်မဟာ ၆ နယ်မြေထဲမှာပါပြီး အခုနှစ်ဆန်းပိုင်းမှာ မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းထဲထိ ကရင့်ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook