Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၍ အမျိုးသမီးတစ်ဦးသေဆုံး

စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက် မှ အောက်တိုဘာ ၃၁ရက်အထိ စာရင်းများအရ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၁၁ဦးသေဆုံးခဲ့ပြီး ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ဦးသေ၊ ၃၀ကျော် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

ကွတ်ခိုင်အပါအဝင် ရှမ်းမြောက်ဒေသ အများအပြား၌ TNLA နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေသော်လည်း ကာလိုင်ရွာ၌ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲလာခြင်းဖြစ်သည်ဟု အသိပေးသည်။

(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

စစ်ကောင်စီက ကာလိုင်ရွာကို ဗုံး ၉လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည့်အပြင် နေအိမ်သုံးလုံး နှင့် ကာလိုင်စျေးတို့ထိမှန် ပျက်စီးခဲ့ကြောင်း TNLAကထုတ်ပြန်သည်။

TNLA အပါအဝင် မဟာမိတ်တပ်များက ဆင်နွှဲနေသည့် ‘၁၀၂၇ စစ်ဆင်ရေး’ကာလအတွင်း ယခင်ကလည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက် မှ အောက်တိုဘာ ၃၁ရက်အထိ စာရင်းများအရ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၁၁ဦးသေဆုံးခဲ့ပြီး ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ယင်းသေဆုံးသူများအနက် ၅ဦးမှာ ကလေးငယ် များဖြစ်သည်ဟု အသိပေးသည်။

(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့နယ်ရှိ ကာလိုင်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။