တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
TNLA တပ်မဟာ(၅) စစ်ဒေသရှမ်းမြောက်ရှိ ကွတ်ခိုင်မြို့နယ် မိုင်းယုရွာအနီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ ဩဂုတ် ၁၇ရက် နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။
တိုက်ပွဲသည် ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း ၊ ကွတ်ခိုင်မြို့နယ် ရင်ခွဲတောင်မှ မိုင်းယုရွာဘက်သို့ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန် သည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။ ထိခိုက်ကျဆုံးနှင့် လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရန် TNLA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ အချို့အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီ၏ နမ်ဖက်ကာအခြေစိုက် (၁၂၃)တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြား ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၁၇ ရက်အထိ စုစုပေါင်း တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား မတရားဖမ်းဆီးသတ်ဖြတ်မှုများရှိနေကြောင်းလည်း TNLAက ထုတ်ပြန်သည်။
