Connect with us

Hi, what are you looking for?

သတင်း

TNLAနှင့် စစ်ကောင်စီတပ် ကွတ်ခိုင်မြို့နယ် မိုင်းယုရွာအနီး တိုက်ပွဲဖြစ်

စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြား ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၁၇ ရက်အထိ စုစုပေါင်း တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့သည်။

(တအာင်းတပ်မတော်(TNLA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - News & Information Department)
(တအာင်းတပ်မတော်(TNLA)မှ တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - News & Information Department)

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

TNLA တပ်မဟာ(၅) စစ်ဒေသရှမ်းမြောက်ရှိ ကွတ်ခိုင်မြို့နယ် မိုင်းယုရွာအနီး ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့် TNLA တို့ ဩဂုတ် ၁၇ရက် နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲသည် ၁နာရီခန့် ကြာမြင့်ခဲ့ကြောင်း ၊ ကွတ်ခိုင်မြို့နယ် ရင်ခွဲတောင်မှ မိုင်းယုရွာဘက်သို့ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း TNLAက ထုတ်ပြန် သည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေကို ဖော်ပြမထားပေ။ ထိခိုက်ကျဆုံးနှင့် လတ်တလော စစ်ရေးအခြေအနေများကို မေးမြန်းရန် TNLA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူ အချို့အား ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီ၏ နမ်ဖက်ကာအခြေစိုက် (၁၂၃)တပ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြား ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၁၇ ရက်အထိ စုစုပေါင်း တိုက်ပွဲ(၁၃)ကြိမ်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား မတရားဖမ်းဆီးသတ်ဖြတ်မှုများရှိနေကြောင်းလည်း TNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။