Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလက်နက်ကြီးကြောင့် လိုင်ဇာမြို့ရှိ နေအိမ် ပျက်စီးမှုရှိ၊ တရုတ်ဘက်ကျ၍ တစ်ဦးသေဟု KIAပြော

KIAသည် ကချင်နှင့် ရှမ်းမြောက်တွင်သာမက လက်ရှိတွင် စစ်ကိုင်းဘက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးကျည် တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲနေစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးကျည် တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲနေစဉ်။ ဓာတ်ပုံ - CJ)

အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် လိုင်ဇာမြို့ရှိ နေအိမ်အချို့ ပျက်စီးမှု ရှိသကဲ့သို့ တရုတ်နိုင်ငံဘက်သို့ ကျရောက်ပြီးလူထိခိုက်သေဆုံးရှိခဲ့သည်ဟု သတင်းကြားရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးသို့ ပြောသည်။

ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်သည့် ဖြစ်စဉ်များ ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်သည် KIA ဌာနချုပ် လိုင်ဇာကိုပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေခြင်းဖြစ်သည်။

“မနေ့က နိုဝင်ဘာ ၄ရက်နေ့မှာ မနက်ပိုင်းပေါ့ ၁၀နာရီနဲ့ ၁၁နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာရှိပါတယ်။ ဘွမ်ရယ်တောင် ၊ ခါရာတောင်ဘက်က ပစ်တာ။ ၁၂၀ လို့ယူဆရတဲ့ လက်နက်ကြီးနဲ့ ပစ်တာ၊ နောက် ဒေါ့ဖုန်းယန်ဘက်ကနေ ရော့ကတ်လောင်ချာလို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ပစ်တာ ကျနော်တို့ လိုင်ဇာမြို့တွင်းမှာလည်းကျပါတယ်။ ပြည်သူလူထုရဲ့ အိမ်တွေလည်း ထိသွားတာတွေလည်းပါပါတယ်။ တရုတ်ပြည်ဘက်မှာ တစ်လုံးကျပြီးတော့ သုံးဦး ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ဆုံးသွားတယ်ဆိုတဲ့ သတင်းကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIAသည် ကချင်နှင့် ရှမ်းမြောက်တွင်သာမက လက်ရှိတွင် စစ်ကိုင်းဘက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။