Connect with us

Hi, what are you looking for?

သတင်း

ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွင် MNDAAအလံ လွှင့်ထူ

MNDAA အနေဖြင့် လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း အသိပေးထားပြီး လောက်ကိုင်ကို မကြာမီ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တော့မည်ဖြစ်ကြောင်း ကြေညာထားသည်။

(ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွင် MNDAAအလံ လွှင့်ထူထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(ပန်ဆိုင်းမြို့ နယ်စပ်ဂိတ်တွင် MNDAAအလံ လွှင့်ထူထားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)

ကိုးကန့်ဒေသ ပန်ဆိုင်းမြို့ရှိ မြန်မာ – တရုတ်နယ်စပ်ဂိတ်တွင် ကိုးကန့်တပ်မတော်(MNDAA) အလံကို လွှင့်ထူလိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အစောပိုင်းကတည်းက ပန်ဆိုင်းမြို့ကို MNDAAနှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် MNDAA တပ်များ ပြန်လည်ဆုတ်ခွာစဉ် စစ်ကောင်စီက ပြန်လည်နေရာယူခဲ့၍ ယနေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဒီနေ့ စစ်ရေးကတော့ ထွေထွေထူးထူးမရှိဘူး။ ပန်ဆိုင်း(ကြူကုတ်)ဘက်မှာရှိတဲ့ နယ်စပ်ဂိတ်ကိုတော့ ထိန်းချုပ်ထားနိုင်ခဲ့တယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပြသည်။

စစ်ရေးသတင်းရင်းမြစ်က “ပန်ဆိုင်းမြို့ တရုတ်မြန်မာနယ်ခြား ဂိတ်ပေါက်ဝ တွင် MNDAA အလံလွင်းထူလိုက်ပြီ”ဟု ယနေ့ ပန်ဆိုင်းအခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ် အရာရှိတစ်ဦးကို ပန်ဆိုင်း၌ ယနေ့ ဖမ်းမိခဲ့သည်ဟု ၎င်းက ဆိုသည်။

“ဒီနေ့ ပန်ဆိုင်းရှိ စခ ဒုဗိုလ်မှူးကြီး သူရ တရုတ်ဘက်ကမ်း ဝမ်တိန်ကို ထွက်ပြေးစဉ် MNDAA တပ်က ဖမ်းဆီးလိုက်တယ်။ တပ်ပေါင်းစုတွေက ပန်ဆိုင်းကို သိမ်းပြီး ပြန်ထွက်သွားတာ။ စကစ တပ်တွေပြန်ဝင်သွားတယ်။ ဒီနေ့တော့ အကုန်ရှင်းလိုက်ပြီ။ စကစ တပ်မရှိတော့ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိတွင် ပန်ဆိုင်းအပြင် မုံးကိုး၊ ဖောင်းဆိုင်၊ ချင်းရွှေဟော်၊ သိန္နီ၊ ကွမ်းလုံ မြို့များကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။ ချင်းရွှေဟော်ကို စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ရက်ကတည်းက သိမ်းပိုက်နိုင်ခဲ့ပြီး နယ်စပ်ဂိတ်တွင် MNDAA အလံ လွှင့်ထူထားခြင်းဖြစ်သည်။ ထို့ပြင် မုံးကိုး နယ်စပ်ဂိတ်တွင်လည်း MNDAA အလံကို နိုဝင်ဘာ ၇ရက်ကတည်းက လွှင့်ထူထားနိုင်ခြင်းဖြစ်သည်။

MNDAA အနေဖြင့် လောက်ကိုင်ဒေသ ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း အသိပေးထားပြီး လောက်ကိုင်ကို မကြာမီ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တော့မည်ဖြစ်ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။