Connect with us

Hi, what are you looking for?

သတင်း

မူဆယ်(၁၀၅)မိုင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်၍ (၇၀)အရွယ်အဖွားအို တစ်ဦးသေဆုံး

စစ်ကောင်စီတပ်သည် ယမန်နေ့ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ကျော် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း အသိပေးသည်။

(ခမ်းမြိုနယ်ရှိ မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်)တွင် လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(ခမ်းမြိုနယ်ရှိ မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်)တွင် လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းမြောက် မူဆယ်မြို့နယ်ရှိ မူဆယ် (၁၀၅)မိုင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အဖွားအိုတစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၂၀ရက်) နေ့လယ်ပိုင်းတွင် နမ့်တောင်ကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နမ့်တောင်ရွာဘုန်းကြီးကျောင်းပေါ်သို့ လက်နက်ကြီးကျရောက်ခဲ့ပြီး ကျောင်းအနီးနေထိုင်သူ အသက်(၇၀)အရွယ်အဖွားအိုတစ်ဦး လက်နက်စထိမှန်သေဆုံးခဲ့ရသည်ဟု ဆိုသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ် ကောင်းကပ်ကျေးရွားအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ရာ လက်နက်ကြီး မပေါက်ကွဲဘဲ ကျန်ရှိနေသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ကျော် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ညကလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ပေါင် ၅၀၀ဗုံးသုံးပြီး တိုက်ခိုက်ခဲ့၍ မြို့သစ်ကျေးရွာရှိ ကလေးငယ် အပါအဝင် အရပ်သား ၂ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် မြို့သစ်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အကြိမ်(၃၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

နမ့်ဆန်တပ်စခန်းမှ လက်နက်ကြီးဖြင့်(၁၅)ကြိမ်၊ မိုင်းငေါ့တပ်စခန်းမှ (၁၅)ကြိမ်၊ ကျောက်မဲတပ်စခန်းမှ (၂)ကြိမ် စုစုပေါင်း(၃၂)ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး တစ်လုံးမှာ ပန်နိမ့်ကျေးရွာသို့ကျရောက်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် စစ်ဘက်နှင့်လုံးဝမသက်ဆိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာရပ်ရွာများ၊ လူနေအိမ်များကို ဦးတည်ပြီး လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းမှ လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို နေ့စဉ်ရက်ဆက်ပြုလုပ်လျက်ရှိကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး လတ်တလော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၄၀ ကျော်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။