Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်လေကြောင်းတိုက်ခိုက်၍ အရပ်သားလေးဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၁ရက်နံနက်ကလည်း ဝက်လက်မြို့နယ်၊ တလိုင်းရွာကို လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်​ကောင်စီ)
(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်​ကောင်စီ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ‌ပေါက်ကန်‌ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်‌ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားလေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ပေါက်ကန်ရွာကို ယမန်နေ့(ဩဂုတ် ၁၃ရက်) ညနေ ၇နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ဘာတိုက်ပွဲမှမရှိဘဲ လာပစ်သွားတာပါ။ နှစ်စီးက အပေါ်ကနေ စက်သေနတ်က လှည့်ပတ်ပစ်သွားတာ” ဟု ပေါက်ကန်ရွာ ဒေသခံတစ်ဦးက ပြောသည်။

တံတားဦးလေဆိပ်မှတက်လာသော ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဝက်လက်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူလေးဦးစလုံးသည် ယခုအခါ အသက်အန္တရာယ်စိုးရိမ်မရှိတော့‌ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၁ရက်နံနက်ကလည်း ဝက်လက်မြို့နယ်၊ တလိုင်းရွာကို လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။