Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်လေကြောင်းတိုက်ခိုက်၍ အရပ်သားလေးဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၁ရက်နံနက်ကလည်း ဝက်လက်မြို့နယ်၊ တလိုင်းရွာကို လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်​ကောင်စီ)
(စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အဓိကအသုံးပြု​နေ​သော YAK-130 တိုက်​လေယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - စစ်​ကောင်စီ)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ‌ပေါက်ကန်‌ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်‌ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားလေးဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ပေါက်ကန်ရွာကို ယမန်နေ့(ဩဂုတ် ၁၃ရက်) ညနေ ၇နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ဘာတိုက်ပွဲမှမရှိဘဲ လာပစ်သွားတာပါ။ နှစ်စီးက အပေါ်ကနေ စက်သေနတ်က လှည့်ပတ်ပစ်သွားတာ” ဟု ပေါက်ကန်ရွာ ဒေသခံတစ်ဦးက ပြောသည်။

တံတားဦးလေဆိပ်မှတက်လာသော ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်သွားခြင်းဖြစ်ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဝက်လက်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူလေးဦးစလုံးသည် ယခုအခါ အသက်အန္တရာယ်စိုးရိမ်မရှိတော့‌ဟု ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၁ရက်နံနက်ကလည်း ဝက်လက်မြို့နယ်၊ တလိုင်းရွာကို လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။