Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ်တွင် ကင်းစောင့်နေသော ပျူများအား အမျိုးသမီးရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

(Area71PDF Monywa အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(Area71PDF Monywa အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ တောပုပျူစောထီးကျေးရွာ၌ ကင်းစောင့်ရင်း သောက်စားနေသော ပျူစောထီးများအား အမျိုးသမီးရဲဘော်များပါဝင်သော PDFများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71PDF Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၂၇ ရက် ည ၇ နာရီကျော်က လက်လုပ်(၆၀)မမ တာဝေးပစ်များဖြင့် ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71PDF Monywa အဖွဲ့က အသိပေးသည်။

“ထိတာတော့ ထိမှာ။ တာဝေးပစ်နဲ့ဆိုတော့ ည စစ်ဆင်ရေးလည်း ဖြစ်တာလည်း တစ်ကြောင်း ဆိုတော့ မမြင်ရဘူး။”ဟု Area71PDF Monywa အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို Area71PDF Monywa ၏အမျိုးသမီး ရဲဘော်များနှင့် Youth Vigor Revlution Force၊ မုံရွာ ခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃)Royal Alliance (RA)၊ ANYAR DEFENSE FORCE (ADF)၊ YOTH REVOLUTION DEFENCE FORCE စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၀ ရက်တွင် တောပုကျေးရွာမှ စစ်အုပ်စုသည် ပရစ်ကုန်း(မြောက်)ရွာသို့ နှစ်ကြိမ်ဝင်ရောက်ကာ နေအိမ်တစ်လုံးနှင့် ကြာဇံစက်ရုံ သုံးရုံအား မီးရှို့ဖျက်ဆီးခဲ့ပြီး စက်ရုံပိုင်ရှင်နှင့် အလုပ်သမား သုံးဦးအား သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။