Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာမြို့နယ်တွင် ကင်းစောင့်နေသော ပျူများအား အမျိုးသမီးရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

(Area71PDF Monywa အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(Area71PDF Monywa အဖွဲ့ဝင် ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ တောပုပျူစောထီးကျေးရွာ၌ ကင်းစောင့်ရင်း သောက်စားနေသော ပျူစောထီးများအား အမျိုးသမီးရဲဘော်များပါဝင်သော PDFများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71PDF Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၂၇ ရက် ည ၇ နာရီကျော်က လက်လုပ်(၆၀)မမ တာဝေးပစ်များဖြင့် ၁၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71PDF Monywa အဖွဲ့က အသိပေးသည်။

“ထိတာတော့ ထိမှာ။ တာဝေးပစ်နဲ့ဆိုတော့ ည စစ်ဆင်ရေးလည်း ဖြစ်တာလည်း တစ်ကြောင်း ဆိုတော့ မမြင်ရဘူး။”ဟု Area71PDF Monywa အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ခံရချိန် စစ်ကောင်စီက အနီးရှိ စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ကူခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယင်းစစ်ဆင်ရေးကို Area71PDF Monywa ၏အမျိုးသမီး ရဲဘော်များနှင့် Youth Vigor Revlution Force၊ မုံရွာ ခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃)Royal Alliance (RA)၊ ANYAR DEFENSE FORCE (ADF)၊ YOTH REVOLUTION DEFENCE FORCE စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၀ ရက်တွင် တောပုကျေးရွာမှ စစ်အုပ်စုသည် ပရစ်ကုန်း(မြောက်)ရွာသို့ နှစ်ကြိမ်ဝင်ရောက်ကာ နေအိမ်တစ်လုံးနှင့် ကြာဇံစက်ရုံ သုံးရုံအား မီးရှို့ဖျက်ဆီးခဲ့ပြီး စက်ရုံပိုင်ရှင်နှင့် အလုပ်သမား သုံးဦးအား သတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။