Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Attack Forceက အသိပေးသည်။

ညောင်ဖြူပင်ရွာအဝင်အား တွေ့ရစဥ်။ဓာတ်ပုံ-Cj
ညောင်ဖြူပင်ရွာအဝင်အား တွေ့ရစဥ်။ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ညောင်ဖြူပင်ရဲစခန်းအား ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force )၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၂၄ ရက် နံနက် ၅ နာရီခန့်ကစတင်ပြီး ညောင်ဖြူပင်ရဲစခန်းအား ဒေသတွင်း PDFအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲချိန် ၁နာရီကျော်ကြာအတွင်း ညောင်ဖြူပင်ရဲစခန်းနှင့် ၂၅ မီတာအကွာအထိ ရောက်ရှိခဲ့သော်လည်း ကျည်မလုံလောက်ခြင်း၊ လက်နက်မပြည့်စုံခြင်း၊ လက်နက်ကြီးများမပါဝင်ခြင်းကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ကြောင်း Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Attack Forceက အသိပေးသည်။

Public Service Announcement

Public Service Announcement

“စခန်းနားကိုဝင်တာက မီတာ၂၅အထိ ကပ်နိုင်ခဲ့တယ်။စခန်းထဲကလူတွေနဲ့ဟိုဘက်ဒီဘက် စကားပြောလို့ရတဲ့အနေအထားထိနီးတယ်။ ခုနစ်ကောင်သေတာကလည်း မျက်မြင်ပါ။ ပစ်တာက သူတို့ဘက်ကစပစ်တယ်။ဘန်ကာအပြင်ဘက်ရောက်နေတဲ့သူတွေကို ရအောင်ပစ်ခဲ့တယ်။”ဟု Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄)၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၁) Spring Dove PDF၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၄) 5/Teachers Defence Force PDF၊ မုံရွာခရိုင်တပ်ရင်း (၁၇) ၊ DLC Local တပ်ပေါင်းစု ၊ Special Guerilla Force – Monywa S.G.F ၊ 5/UG Commando Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ၊ ဒဿ ပြောက်ကျားတပ်ဖွဲ့တို့ ပုးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

​ညောင်ဖြူပင်ရဲစခန်းသည် ယခင်ကလည်း ဒေသတွင်းPDF များ၏ လာရောက်တိုက်ခိုက်မှု မကြာခဏခံခဲ့ရပြီး စစ်အုပ်စုထိခိုက်မှုရှိကာ နိုဝင်ဘာ ၇ ရက်ကလည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။