Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Attack Forceက အသိပေးသည်။

ညောင်ဖြူပင်ရွာအဝင်အား တွေ့ရစဥ်။ဓာတ်ပုံ-Cj
ညောင်ဖြူပင်ရွာအဝင်အား တွေ့ရစဥ်။ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ညောင်ဖြူပင်ရဲစခန်းအား ဒေသတွင်းPDFများ သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force )၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နိုဝင်ဘာ ၂၄ ရက် နံနက် ၅ နာရီခန့်ကစတင်ပြီး ညောင်ဖြူပင်ရဲစခန်းအား ဒေသတွင်း PDFအဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲချိန် ၁နာရီကျော်ကြာအတွင်း ညောင်ဖြူပင်ရဲစခန်းနှင့် ၂၅ မီတာအကွာအထိ ရောက်ရှိခဲ့သော်လည်း ကျည်မလုံလောက်ခြင်း၊ လက်နက်မပြည့်စုံခြင်း၊ လက်နက်ကြီးများမပါဝင်ခြင်းကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်ဆုတ်ခဲ့ကြောင်း Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Attack Forceက အသိပေးသည်။

Public Service Announcement

Public Service Announcement

“စခန်းနားကိုဝင်တာက မီတာ၂၅အထိ ကပ်နိုင်ခဲ့တယ်။စခန်းထဲကလူတွေနဲ့ဟိုဘက်ဒီဘက် စကားပြောလို့ရတဲ့အနေအထားထိနီးတယ်။ ခုနစ်ကောင်သေတာကလည်း မျက်မြင်ပါ။ ပစ်တာက သူတို့ဘက်ကစပစ်တယ်။ဘန်ကာအပြင်ဘက်ရောက်နေတဲ့သူတွေကို ရအောင်ပစ်ခဲ့တယ်။”ဟု Chindwin Attack Force ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄)၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys )၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၁) Spring Dove PDF၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၄) 5/Teachers Defence Force PDF၊ မုံရွာခရိုင်တပ်ရင်း (၁၇) ၊ DLC Local တပ်ပေါင်းစု ၊ Special Guerilla Force – Monywa S.G.F ၊ 5/UG Commando Force ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ၊ ဒဿ ပြောက်ကျားတပ်ဖွဲ့တို့ ပုးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

​ညောင်ဖြူပင်ရဲစခန်းသည် ယခင်ကလည်း ဒေသတွင်းPDF များ၏ လာရောက်တိုက်ခိုက်မှု မကြာခဏခံခဲ့ရပြီး စစ်အုပ်စုထိခိုက်မှုရှိကာ နိုဝင်ဘာ ၇ ရက်ကလည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပြီလို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် နိုင်ငံအနှံ့မှာ ပေါက်ကွဲသံတွေ ဆူဆူညံညံ ကြားနေခဲ့ရပါတယ်။

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

သတင်း

စစ်ကူစစ်​ကြောင်းကိုပါဖြတ်​တောက်တိုက်ခိုက်ပြီး ​သေနတ် ၈ လက်ရရှိ

သတင်း

တိုက်ခိုက်မှု ၂၄၃ ခုထဲမှာ ၁၇၁ ကြိမ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်