Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်တွင် စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်၍ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ခုနစ်ဦးထပ်မံသေဆုံး

နိုဝင်ဘာ ၃၀ရက်က စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံး အခြေအနေကို အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်က အရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် ပြည်သူ ခုနစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၃၀ရက်က စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံး အခြေအနေကို အသိပေး ထုတ်ပြန်ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၃၀ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့သည် ကိုးကန့်နန်ထင်မိန်တောင်ကုန်းစခန်းမှတစ်ဆင့် ရှီးရှမ်း ဒေသ၊ တာရွှေထန်ရွာအုပ်စု ၊ နန်ကော်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ၂ဦးသေဆုံးကာ ၁ဦးဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ညဘက်တွင်လည်း ဂျက်လေယာဉ်ဖြင့် နန်ကော်ရွာကို ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကားအတွင်းဝင်အိပ်နေသူ တစ်ဦး သေဆုံးကာ နေအိမ်သုံးလုံး ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် နိုဝင်ဘာ၃၀ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်သည် ကိုးကန့် တုန်းရှမ်းဒေသ မန်တုံပရွာအုပ်စု ၊ ရှရှင်ကျိုင့်ရွာကိုလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အရပ်သားလေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦး ၊ (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သားဖြစ်သူ အသက်(၁၀)နှစ် အရွယ် ကလေးငယ် ၁ဦး၊ အသက်(၂၀)နှစ်ရွယ် ယောကျ်ားလေး တစ်ဦးတို့ ဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့ပြင်အသက်(၁၀)နှစ် နှင့် (၁၂)နှစ်အရွယ် ကလေး နှစ်ဦးလည်း ဒဏ်ရာရခဲ့ပြီး MNDAA က ကုသပေးလျက်ရှိကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် စစ်ပွဲများဆက်တိုက်ရှုံးနိမ့်လာသောကြောင့် အရပ်သားနေအိမ် ၊ရပ်ကွက်များကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လာခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

(၁၀၂၇)စစ်ဆင်ရေး စတင်ချိန် အောက်တိုဘာ ၂၇ရက် မှ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုးကန့်ဒေသ ရှိ အရပ်သား အရပ်သား ၄၇ ဦးသေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ TNLA ၏ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ၊ လေကြောင်း တိုက်ခိုက်မှုကြောင့် တအာင်းဒေသ၌ အရပ်သား ၆၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိထားကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။