Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် အိမ်စီးကားဖြင့်လာသည့် ရဲများတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ကားပေါ်ပါသူ ၆ ဦးစလုံး သေဆုံး

သေဆုံးသူများမှာ ဒုရဲအုပ်ထင်အောင်ကျော်၊ နယ်ထိန်း ကျန်ကျောင်း၊ ရဲတပ်သား စိုးဇေယျာ၊ နတ်ထားရွာမှ ရဲမေသော်သော်မြင့် လင်မယားနှင့် အခြားရဲမေတစ်ဦးတို့ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

(တိုက်ခိုက်ခံရသော ရဲကားအား တွေ့ရစဥ်။ဓာတ်ပုံ - စကစ)
(တိုက်ခိုက်ခံရသော ရဲကားအား တွေ့ရစဥ်။ဓာတ်ပုံ - စကစ)

▪️သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိဟု PDF ပြော

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အိမ်စီးကားဖြင့်လာသော ရဲများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသူ ဒုရဲအုပ်အပါအဝင် ၆ ဦးစလုံး သေဆုံးပြီး သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း (၂)Taloke PDF တပ်ဖွဲ့မှ ကိုသိန်းမောင်က ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်)နေ့လယ် ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆီမီးခုံရဲစခန်းမှ ဒုရဲအုပ် ထင်အောင်ကျော် အပါအဝင် ၆ ဦးသည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှအပြန် ဆီမီးခုံ – မြင်းခြံလမ်းမပေါ် တောပုကျေးရွာနှင့် ဆင်းဂွတ်ကျေးရွာကြား၌ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ၆ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကားကို ကျွန်တော်တို့က တားလိုက်တယ်။ ကားကရပ်တယ်။ ရပ်တဲ့အချိန်မှာ မှန်ချခိုင်းတယ်။ မှန်မချဘူး။ သေနတ်ဖောက်ပြီးတော့ မှန်ထပ်ချခိုင်းတယ်။ မချဘူး။ အဲဒီမှာသေနတ်လှုပ်ရှားမှုတွေ့တာနဲ့ ရဲဘော်တွေက ပစ်မိန့်တောင်းတာနဲ့ပစ်မိန့်ပေးပြီး ပစ်ခဲ့ကြတာပါ။”ဟု ကိုသိန်းမောင်က ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများမှာ ဒုရဲအုပ်ထင်အောင်ကျော်၊ နယ်ထိန်း ကျန်ကျောင်း၊ ရဲတပ်သား စိုးဇေယျာ၊ နတ်ထားရွာမှ ရဲမေသော်သော်မြင့် လင်မယားနှင့် အခြားရဲမေတစ်ဦးတို့ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

၎င်းတို့ကိုင်ဆောင်လာသည့် G3 ၂လက်၊ အူစီတစ်လက်နှင့် G3 ကျည် ၂၀၅ တောင့်၊ ၉ မမ ကျည် ၅၃ တောင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း (၂)ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း(၂) Takloke PDF ၊ MP 9 PDF ၊ မိုင်းဇာနည်တပ်ဖွဲ့ Freedom Fighter Guerilla Force – FFGF နှင့် မြောင်(ပလဖ)အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ