Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မြို့တော် ပြင်ဦးလွင်မြို့၌ PDF အလံ​တော်လာရောက်စိုက်ထူသွား

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြို့ပေါ် ကန်တော်ကြီးလမ်းအထိ လာရောက်စိုက်ထူသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

(ကန်တော်ကြီးပတ်လမ်း၌ စိုက်ထူထားသော PDF အလံအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ပြင်ဦးလွင်ပကဖ)
(ကန်တော်ကြီးပတ်လမ်း၌ စိုက်ထူထားသော PDF အလံအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ပြင်ဦးလွင်ပကဖ)

မန္တလေးတိုင်းရှိ စစ်တက္ကသိုလ်များဖွင့်လှစ်ထားသဖြင့် စစ်တပ်မြို့​တော်ဟု လူသိများ​သော ပြင်ဦးလွင်မြို့တွင် ကန်တော်ကြီးပတ်လမ်း၌ ပြည်သူ့ကာကွယ်​ရေးတက်မ​တော် (PDF) အလံ​တော် လာရောက်စိုက်ထူသွားကြောင်း​​​ဒေသခံများက​ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်နေ့ နံနက်၅ နာရီခွဲခန့်က ပြင်ဦးလွင်ကန်ပတ်လမ်း၌ အနီရောင်အောက်ခံပေါ်တွင်အဖြူရောင်ကြယ်ပါသော PDFအလံ လာရောက်စိုက်ထူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ကန်တော်ကြီးပတ်လမ်း၌ စိုက်ထူထားသော PDF အလံအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ပြင်ဦးလွင်ပကဖ)
(ကန်တော်ကြီးပတ်လမ်း၌ စိုက်ထူထားသော PDF အလံအား တွေ့ရစဥ်။ ။ဓာတ်ပုံ-ပြင်ဦးလွင်ပကဖ)

လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြို့ပေါ် ကန်တော်ကြီးလမ်းအထိ လာရောက်စိုက်ထူသွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

“ကန်တော်ကြီးနားလာစိုက်သွားတယ်။ အဲလမ်းက လူနည်းနည်းရှင်းတယ်။”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအလံတော်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပြင်ဦးလွင်မြို့နယ် မှ လာရောက်စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးထားသည်။ PDF အလံ​တော်လွှင့်ထူသွားခြင်းနှင့်ပတ်သက်၍ ပြင်ဦးလွင်ပကဖအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

စစ်တပ်မြို့တော် ပြင်ဦးလွင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း လုံခြုံရေးအထူးတင်းကြပ်ထားသော ​မြို့နယ်တစ်ခုဖြစ်သည်။

အထူးသဖြင့် ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် (မန္တ​လေး)နှင့် TNLA တို့က ​နောင်ချိုမြို့နယ်ရှိ သံဘိုရွာရှိစစ်တပ်စခန်းများကို သိမ်းပိုက်ပြီး ၊ ပြင်ဦးလွင် မြို့နယ် ရှိ ​ကျောက်မဲ​လေးရွာရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ပြီး​နောက် ပြင်ဦးလွင်မြို့တွင် စစ်​ကောင်စီတပ်က လုံခြုံ​ရေး များစွာချထားသည်။ မြို့ခံ စစ်​ကောင်စီ တပ်ဖွဲ့ဝင်များမဟုတ်ဘဲ အခြား​ဒေသမှ စစ်​ကောင်စီတပ်သားများ ​ခေါ်ယူ၍ လုံခြုံ​ရေးမြှင့်ထားခြင်းဖြစ်​ကြောင်း ​ဒေသခံ အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။