Connect with us

Hi, what are you looking for?

သတင်း

စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီ​ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးကို CDF ဖမ်းမိ

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။

(ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF Daai)
(ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF Daai)

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်စခန်းများမှ ထွက်ပြေးလာသော ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – Daai က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၇၊) ခမရ (၃၇၆)၊ ခမရ (၅၃၈)၊ ခမရ (၂၂၀)၊ ခမရ (၂၁၉)၊ ခမရ (၃၈) ၊ ခမရ (၅၈၇)နှင့် ခမရ (၉၀၈) တို့မှ ထွက်ပြေးလာ ဗိုလ်ကြီးတစ်ဦး၊ နှစ်ပွင့် ဗိုလ်အဆင့်တစ်ဦးနှင့် ထောက်လှမ်းရေးအရာရှိတစ်ဦးအပါအဝင် စုစုပေါင်း ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် ဖမ်းမိခြင်းဟု ယနေ့(ဖေဖော်ဝါရီ ၁ရက်)က ထုတ်ပြန်သည်။

“ဒဏ်ရာရတွေလည်းပါတယ်။ ဆေးကုပေးထားတယ်လို့ သိရတယ်။ သူတို့က အလင်းဝင်တွေမဟုတ်ဘူး။ ဖမ်းမိတာတွေပါ”ဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇန်နဝါရီက ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ၌ ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယခု ဖမ်းမိသူများတွင် ပြင်းထန်ဒဏ်ရာသုံးဦးနှင့် သာမာန်ဒဏ်ရာနှစ်ဦးပါရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်းနှင့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်နေလျှက်ရှိကြောင်း CDF-Daaiက ထုတ်ပြန်ထားသည်။

ဒေသတွင်း၌ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် CDF – Daai ထိန်းချုပ်ဒေသများ၌ ရေကြောင်းဖြင့်သွားလာခြင်းနှင့် ကုန်စည် ရောင်းဝယ်မှုများကို ဖေဖော်ဝါရီ ၄ရက်အထိ မပြုလုပ်ရန်လည်း ယနေ့ ထုတ်ပြန်သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။