Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်း ၁၄ဦးနှင့် ရက်စေ့နိုင်ကျဉ်း ၆ဦးကို စစ်ကောင်စီ လွှတ်မပေးသေး

KPPAနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)၏ ပူးတွဲ ကြေညာချက်အရ အထက်ပါ ရာဇဝတ်အကျဥ်းသား နှင့် နိုင်ငံရေးအကျဥ်းသားတို့သည် ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်မြောက်ခဲ့ခြင်းဟု ဆိုသည်။

(လွိုင်ကော်အကျဉ်းထောင်အား ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။ Kantarawaddy Times)
(လွိုင်ကော်အကျဉ်းထောင်အား ၂၀၂၀ ခုနှစ်အတွင်းက တွေ့ရစဉ်။ Kantarawaddy Times)

လွိုင်ကော်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာ ခွင့်ရရှိခဲ့သော ရာဇဝတ်မှုအကျဉ်းသား ၁၄ ဦးနှင့် နိုင်ငံရေးနှင့်စပ်လျဉ်၍ ထိန်းသိမ်းခံခဲ့ရပြီး လွတ်မြောက်ရန် ရက်ပြည့်နေပြီဖြစ်သည့် နိုင်ငံရေးအကျဉ်းသား ၆ ဦး ယနေ့အထိ မိသားစုဝင်များထံ မရောက်ရှိသေးကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်း အရုံး (KPPA)က ယနေ့ ထုတ်ပြန်သည်။

KPPAနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက်(PPNM)၏ ပူးတွဲ ကြေညာချက်အရ အထက်ပါ ရာဇဝတ်အကျဥ်းသား နှင့် နိုင်ငံရေးအကျဥ်းသားတို့သည် ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်မြောက်ခဲ့ခြင်းဟု ဆိုသည်။

KPPA၏ စုံစမ်းချက်အရ လွိုင်ကော်မြို့ လုံခြုံရေးအခြေအနေကို အကြောင်းပြ၍ စစ်ကောင်စီအကျဉ်းဦးစီးဌာနမှ လွတ်မြောက်အကျဥ်းသားများကို ထောင်အတွင်း၌ ဆက်လက်ထိန်းသိမ်းထားခြင်းဟု အသိပေးသည်။

အာဏာပိုင်များက အကြောင်းအမျိုးမျိုးပြဆက်လက်ထိန်းသိမ်းထားခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း KPPA က မှတ် ချက်ပြုသည်။

Public Service Announcement

Public Service Announcement

“လွိုင်ကော်ထောင်တိုက်ပွဲတုန်းက အကျဥ်းသားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဒိုင်းကာအနေနဲ့သုံးခဲ့တာ မျိုးရှိတယ်လို့သိရတယ်။အဲဒီသတင်းအချက်အလက်ကလည်း ပြန်ထွက်လာမယ့်သူတွေကနေ အတည်ပြုလို့ရလိမ့်မယ်။ဒါကြောင့်လည်း အဲဒီတိုက်ပွဲနောက်ပိုင်း လွှတ်ရမယ့် အကျဥ်းသားတွေကို မလွှတ်တာလို့မြင်တယ်”လွိုင်ကော်မြို့ခံပြည်သူတစ်ဦးက ပြောသည်။

ထို့ကြောင့် အကျဉ်းဦးစီးဌာနအနေဖြင့် အပြစ်ဒဏ်ကျခံရာမှ လွတ်မြောက်ပြီဖြစ်သော ရာဇဝတ်မှုအကျဉ်းသား ၁၄ဦးအား ချက်ချင်းလွတ်ပေးရန်၊ လွတ်မြောက်ပြီဖြစ်သော နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူများအား ချက်ချင်းလွတ်ပေးရန် တောင်းဆိုသည်။

ထို့အပြင် စစ်ရေးတင်းမာနေသည့် အခြေအနေတွင် လွတ်မြောက်အကျဉ်းသားများ နေရပ်ပြန်နိုင်ရေးကိစ္စရပ်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC နှင့် United Nations OCHA တို့မှ ကြားဝင်စေ့စပ်ကူညီဆောင်ရွက်ပေးကြရန်လည်း KPPA က တိုက်တွန်းသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၆ရက်နှင့် ဒီဇင်ဘာ ၁၆ ရက်က နိုင်ငံရေးအကျဉ်းသား ၁၄၀ အပါအဝင် အကျဉ်းသား ၅၀၀နီးပါးရှိသည့် လွိုင်ကော် အကျဉ်းထောင်အနီး၌ ကရင်နီပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

နှစ်ဖက်တိုက်ပွဲ အချိန်ကြာလာသည်နှင့်အမျှ အကျဉ်းသားတွေများသည် အကျဉ်းထောင် အတွင်း၌ စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီကလည်း လွိုင်ကော်အကျဉ်းထောင်အနီး၌ ကရင်နီပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

လွိုင်ကော်မြို့အား ထိန်းချုပ်သိမ်းပိုက်ရန် ကြိုးပမ်းနေသည့် ကရင်နီပူးပေါင်းတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက လွိုင်ကော် အကျဉ်းထောင်အား သိမ်းပိုက်ရန် ကြိုးပမ်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။