Connect with us

Hi, what are you looking for?

သတင်း

နောက်ထပ် ရိုဟင်ဂျာ ဒုက္ခသည် အသစ်တွေ လက်မခံတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ပြော

၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက် ဖြိုခွင်းမှုတွေ စတင်ခဲ့ချိန် ကတည်းက သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင် ကော့စ်ဘဇားနဲ့ တခြား ဒုက္ခသည် စခန်းတွေဆီ အလုံးအရင်း လာရောက် ခိုလှုံနေပါတယ်။

(ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခု။ဓါတ်ပုံ- Dhaka Tribune)
(ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခု။ဓါတ်ပုံ- Dhaka Tribune)

ရိုဟင်ဂျာ ဒုက္ခသည်တွေ ဝင်ရောက်မှုကို နောက်ထပ် လက်ခံပေးတော့မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာ ဘင်္ဂလားဒေ့ရှ် သယ်ယူပို့ဆောင်ရေး ဝန်ကြီးက ရိုဟင်ဂျာ ဒုက္ခသည်တွေကို အမြောက်အမြားကို လက်ခံထားရခြင်းဟာ နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍကိုပါ ထိပါး ခြိမ်းခြောက်လာတဲ့အတွက် အခုလို ဆုံးဖြတ်ခဲ့တာလို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

၂၀၁၇ မှာ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက် ဖြိုခွင်းမှုတွေ စတင်ခဲ့ချိန် ကတည်းက သိန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင် ကော့စ်ဘဇားနဲ့ တခြား ဒုက္ခသည် စခန်းတွေဆီ အလုံးအရင်း လာရောက် ခိုလှုံနေပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာ တစ်သန်းနီးပါးကို လက်ခံထားပြီး ဖြစ်တာကြောင့် နောက်ထပ် အရေအတွက် တိုးမြှင့် လက်ခံဖို့ ဆိုတာ ကိုယ်တိုင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်လို့ လမ်း၊ တံတားနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီး အိုဘိုင်ဒူလ် ကွမ်ဒါက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာ ထောက်ပံ့မှုတွေကပါ သိသိသာသာ လျော့ကျသွားတဲ့ အနေအထားမှာ သူတို့ကို ဘယ်လို ဆက်လက်ပြီး အကူအညီ ပေးမလဲလို့လည်း ဝန်ကြီးက မေးခွန်း ထုတ်သွားပါတယ်။

ကော့စ်ဘဇားမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာနဲ့ ပြန်လည် နေရာချထားရေး ကော်မရှင် အကြီးအကဲ မိုဟာမက် မီဇာနော် ရာမန်ကလည်း ရိုဟင်ဂျာ အရေးဟာ ဘင်္ဂလားဒေ့ရှ်အတွက် အလွန်အကျွံ ဝန်ပိတဲ့ ကိစ္စကြီး ဖြစ်လာနေတယ်လို့ ပြောပါတယ်။

ကွမ်ဒါရော ရာမန်ကပါ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကနေရိုဟင်ဂျာတွေကို ပံ့ပိုးဖို့ အထောက်အပံ့တွေ ပိုမို လိုအပ်ကြောင်း မှတ်ချက်ပေးခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်ရေးရာ မဟာမင်းကြီးရုံး (UNHCR)က ဘာမှ မတုံ့ပြန်သေးဘူးလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ လဒုတိယပါတ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို အ​မေရီကန် အစိုးရ ကိုယ်စားလှယ်တစ်ဖွဲ့က ဒုက္ခသည်​တွေနဲ့​တွေ့ဆုံစဥ်မှာ ရိုဟင်ဂျာ​​ဒုက္ခသည်​ခေါင်း​ဆောင်​တွေက သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်​နေပြီး မြန်မာနိုင်ငံကို ပြန်ချင်တဲ့အ​ကြောင်း​ပြောပါတယ်။တစ်ကယ်လို့ ပြန်ရမယ်ဆိုရင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ​တွေအ​ပေါ် စစ်တပ်က ကျူးလွန်ထားတဲ့လူမျိုးတုန်းသတ်ဖြတ်မှု​တွေအ​ပေါ် မျှတစွာအ​ရေးယူတာ ၊​နေရပ်ပြန်ရမယ့် ရိုဟင်ဂျာ​တွေအတွက် ဂုဏ်သိက္ခာရှိရှိ​နေရပ်ပြန်နိုင်ဖို့ အတွက်သူတို့ရဲ့ အခွင့်အ​ရေး နဲ့ လုံခြုံ​ရေး အတွက်အာမခံချက် ​တွေရှိဖို့ လိုတဲ့အ​ကြောင်းကို​ပြောခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းဌာန Dhaka Tribune ကလည်း​ဖော်ပြပါတယ်။

အ​မေရီကန်အဆင့်မြင့် သံတမန်အဖွဲ့​ခေါင်း​ဆောင်ကလည်းရိုဟင်ဂျာတွေရဲ့ လုံခြုံရေး နဲ့ ဂုဏ်သက္ခာရှိရှိပြန်နိုင်ဖို့တောင်းဆိုချက်တွေကို ထောက်ခံခဲ့ပြီး​တော့ မြန်မာစစ်တပ်ကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး(ICC)မှာ စစ်ဆေးနိုင်ဖို့နဲ့ ရိုဟင်ဂျာတွေ သူတို့နိုင်ငံကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်အောင် အမေရိကန်က ဖိအားပေးနေတယ်လို့​ပြောခဲ့ပါတယ်။

ကိုးကား- Reuters ၊ Dhaka Tribune

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။