Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တိုက်ပွဲအခြေအနေကို အနီးကပ်စောင့်ကြည့်နေဟု ထိုင်းဝန်ကြီးချုပ်ပြော

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

ထိုင်းဝန်ကြီးချုပ်ကို တွေ့ရစဉ်
ထိုင်းဝန်ကြီးချုပ်ကို တွေ့ရစဉ်

▪️မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၃၀၀ နီးပါး ထိုင်းဘက် တိမ်းရှောင်

People’s Spring

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းတွင် တိုက်ပွဲ ဖြစ်ပွါးနေသည့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာသာဗီဆင်က ပြောသည်။

မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား စစ်ဆေးဂိတ်၌ ခိုလှုံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်က ယမန်နေ့(ဧပြီ ၁၉ရက်)ညပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့ရာ ယနေ့(ဧပြီ ၂၀ရက်) မွန်းလွဲပိုင်းအထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုများ စဉ်ဆက်မပြတ် ဖြစ်ပွါးနေသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်များပြားသည်ဟု မြဝတီမြို့ လုံခြုံရေးသတင်းရင်းမြစ်က ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

ယနေ့ မဲဆောက်ဘက်အခြမ်း ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား တွေ့ရစဉ်
ယနေ့ မဲဆောက်ဘက်အခြမ်း ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား တွေ့ရစဉ်

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

“ထိုင်းနိုင်ငံ အချုပ်အခြာပိုင်နက်ကို သက်ရောက်မှုရှိစေတဲ့ ဘယ်လိုတိုက်ပွဲကိုမျှ ကျွန်တော် မမြင်တွေ့လိုပါဘူး။ ကျွန်တော်တို့ ပြည်သူလူထုလုံခြုံရေးနဲ့ နယ်စပ်ဒေသကာကွယ်ရေးအတွက် ကျွန်တော်တို့ အသင့်ရှိနေပါတယ်” ဟု ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

ယနေ့ မဲဆောက်ဘက်အခြမ်း ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား တွေ့ရစဉ်
ယနေ့ မဲဆောက်ဘက်အခြမ်း ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား တွေ့ရစဉ်

တချိန်တည်းတွင် လိုအပ်လာလျှင် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရန် အသင့်ရှိကြောင်း ထိုင်းဝန်ကြီးက အသိပေးသည်။

အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတား မဲဆောက်ဘက်အခြမ်းတွင် ထိုင်းစစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အသင့်အနေအထား စောင့်ကြည့်နေပြီး လုံခြုံရေးအင်အား ဖြည့်တင်းနေသည်ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာသို့ ရောက်ရှိခဲ့သည့် People’s Spring သတင်းထောက်က တွေ့မြင်ခဲ့ရသည်။

ယနေ့ မဲဆောက်ဘက်အခြမ်း ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား တွေ့ရစဉ်
ယနေ့ မဲဆောက်ဘက်အခြမ်း ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား တွေ့ရစဉ်

ယမန်နေ့ညကတည်းက မြဝတီမြို့ဘက်အခြမ်းတွင် တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် ဒေသခံ ရာနှင့်ချီ နေအိမ်စွန့်ခွါ တိမ်းရှောင်နေရကာ ယနေ့နံနက်ပိုင်းမှ စတင်ကာ နှစ်နိုင်ငံအကြားရှိ သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ မဲဆောက်ဘက်အခြမ်းသို့ ထွက်ပြေးနေရသည်။ မြေပြင်သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်အရ ယနေ့ နံနက် ၁၁ ခန့်အထိ မဲဆောက်ဘက်သို့ မြန်မာစစ်ဘေးရှောင်ဒုက္ခသည် ၂၇၂ ဦး ရောက်ရှိနေကြောင်း သိရသည်။

(ထိုင်းဝန်ကြီးချုပ်ကို တွေ့ရစဉ်၊ ယနေ့ မဲဆောက်ဘက်အခြမ်း ရောက်ရှိလာသော မြန်မာစစ်ဘေးရှောင်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Srettha Thavisin ၊ ထိုင်း CJ)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook