Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ်တန့်ခြင်းမရှိဘဲဆက်လက်ကျူးလွန်မည်ဆိုပါက စစ်ကောင်စီကို ပြင်းထန်ပြတ်သားစွာတုံ့ပြန်မည်ဟု AA သတိ​ပေး

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ်တန့်ခြင်းမရှိဘဲဆက်လက်ကျူးလွန်မည်ဆိုပါက စစ်ကောင်စီကို ပြင်းထန်ပြတ်သားစွာတုံ့ပြန်မည်ဟု AA သတိ​ပေး
စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ်တန့်ခြင်းမရှိဘဲဆက်လက်ကျူးလွန်မည်ဆိုပါက စစ်ကောင်စီကို ပြင်းထန်ပြတ်သားစွာတုံ့ပြန်မည်ဟု AA သတိ​ပေး

▪︎AA ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများမှာ အာရက္ခပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသောနေရာများဖြစ်ဟုဆို

ယန်းဒီ/People’s Spring

စစ်ရှုံးစစ်ကောင်စီအနေဖြင့် စစ်ရာဇဝတ်များကို ရှောင်ရှား၊ ရပ််တန့်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က အထူးသတိပေးလိုက်ပြီး ရှောင်ရှား၊ ရပ်တန့်ခြင်းမပြုဘဲ ဆက်လက် ကျူးလွန်နေမည်ဆိုပါက လုပ်သင့်လုပ်ထိုက်သည့် ပြင်းထန်ပြတ်သားသော တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဟု ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်) ထုတ်ပြန်ကြေညာသည်။

စစ်ရှုံးစစ်ကောင်စီသည် စစ်သားပီသစွာဖြင့် စစ်မြေပြင်တွင် တိုက်ခိုက်ရမည့်အစား အရပ်သားပြည်သူလူထုများကို သူရဲဘောကြောင်စွာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အချုပ်သားများ၊ အကျဉ်းသားများကို လူသတ်အလောင်းဖျောက်ခြင်း အစရှိသော စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်ဟု AA က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

AA က ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထဲတွင် အာရက္ခပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် အမိန့်ပေးခဲ့သော အထက်အရာရှိကြီးများ၊ အမိန့်ကို အကောင်အထည်ဖော်ပြီး လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျူကျူးလွန်ခဲ့ကြသော တပ်ဖွဲ့ဝင်များပါဝင်ပြီး အဆိုပါ ပုဂ္ဂိုလ်များကို စစ်ခုံရုံးတင်၍ ၎င်းတို့ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမည်ဟု အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော မိသားစုဝင်များ၏ နစ်နာမှု၊ တရားမျှတမှုတို့ကို ရရှိနိုင်ရေးတို့အတွက် စစ်ရာဇဝတ်ကျူးလွန်သူများကို ဥပဒေနှင့်အညီ တရားနည်းလမ်းကျကျ စစ်ဆေး အပြစ်ပေး အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြသည်။

လက်ရှိ ရက္ခိုင်ဒေသနှင့် မြန်မာနိုင်ငံ၏ စစ်ရေးအခြေအနေများအရ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားသောနယ်မြေများသည် အာရက္ခပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖိနှိပ်ခံ ပြည်သူလူထုအားလုံးတို့အတွက် အလုံခြုံဆုံးသောနေရာများ ဖြစ်ကြောင်း AA က ဆိုသည်။ ထို့ကြောင့် စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်အပါအဝင် အခြားသောမြို့များသို့ တိမ်းရှောင်နေကြမည့်အစား ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ထိန်းချုပ်ရာနေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် မိဘပြည်သူများအား AAက အသိပေး တိုက်တွန်းသည်။

စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်းကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေပြီး ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိသည်ဟု AA က ဖော်ပြသည်။ ထိုကဲ့သို့ အဘက်ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ် စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံရလျက်ရှိသည်ဟု ဆိုသည်။

တပြိုင်နက်တည်းတွင် အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် လူမျိုးရေးအမုန်းတရားများကို မီးထိုးကာ မိမိတို့ ရက္ခိုင်လူမျိုးများအား ဖိနှိပ်ဆန့်ကျင် စေရန် သွေးထိုးလှုံ့ဆော်မှုများကို ကောက်ကျစ်ယုတ်မာစွာ ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီထိန်းချုပ်ထားသော ဒေသများရှိ ရက္ခိုင်လူမျိုးများကို အဓိကဦးတည်ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ စစ်သားစုဆောင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကို နေ့စဉ်ရက်ဆက်ဆိုးရွားစွာ ကျူးလွန်လျက်ရှိကြောင်း AA က ထုတ်ပြန်သည်။

ထို့အပြင် လူမှုကွန်ရက်သုံးစွဲသူ အပြစ်မဲ့ ရက္ခိုင်လူမျိုးများကိုလည်း သက်သေ အထောက်အထား တစ်စုံတစ်ရာမရှိဘဲ ပုဒ်မအမျိုးမျိုးတပ်၍ ဥပဒေမဲ့ဖမ်းဆီးကာ အချုပ်ခန်းများအတွင်း၌ သတ်ဖြတ် အလောင်းဖျောက်မှုများကို ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို အကြမ်းဖက်စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု AA က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။