Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းပြား တိုင်းဗဟို(၉) လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် အခြားမြို့များရှိ တပ်စခန်းများကို ထိုးစစ်ဆင်နေဟု AA အသိပေးပြီး အမြန်လက်နက်ချရန် သတိပေး

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

(မင်းပြားမြို့ရှိစစ်​ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)
(မင်းပြားမြို့ရှိစစ်​ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-AA Info Desk)

▪︎အင်အား ၁၀၀ အောက် စခန်းများကို တစ်ပတ်အတွင်း သိမ်းနိုင်ပြီး တပ်မှူးများ ပါးနပ်ပါက ငယ်သားများ အသက်ချမ်းသာရာရမည်ဟုပြော

▪︎ရမ်းဗြဲမြို့ကို ပိုပြင်းထန်သည့် ဖျက်အားပြင်းဗုံးများ အသုံးပြု တိုက်ခိုက်လာဟု အသိပေး

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ “အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း” ကို ရက္ခိုင့် တပ်တော်(AA)မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ဖေဖော်ဝါရီ ၂၀ရက် တိုက်ပွဲသတင်းများ ဖော်ပြရာ၌ ကမ်းနီရွာအနီးစစ်ကောင်စီစခန်းနှင့် အခြားမြို့များရှိ စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဖော်ပြာထားသည်။

“ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်း” ဟု ခေါ်သော “တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်း” သည် မေလွန်းရွာနှင့်လည်းနီး၍ ၎င်းသင်တန်းကျောင်းကို ဖေဖော်ဝါရီလ (၁၇) ရက် မနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ကြောင်း၊ ထို့အတူ အခြားသောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ရက္ခိုင့်တပ်တော်မှ အဆိုပါရန်သူ့စခန်းများအား စောစီးစွာ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးလိုက်သည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့် ခုခံစစ်၊ ခွာစစ်မှ လွဲ၍ ရွေးချယ်စရာမရှိဘဲ ၎င်းတို့၏အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေရသည်ဟုဆိုသည်။

စစ်ကောင်စီ၏တပ်စခန်းများတွင် အင်အား (၁၀၀) အောက်ရှိသော စခန်းများကို ရက္ခိုင့်တပ်တော်အနေ ဖြင့် တစ်ပတ်အတွင်း သိမ်းပိုက်ရယူနိုင်သကဲ့သို့ အချို့သောစခန်းများကိုမူ ရက်ပိုင်းမျှသာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် အလုံးစုံသိမ်းပိုက်ရယူနိုင်သည်အထိ ထိုးစစ်စွမ်းဆောင်ရည်မှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလျက်ရှိသည်ဟုလည်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့မှာကား တစ်ရက်ပြီးတစ်ရက်ကျဆင်းလျက်ရှိကြောင်း၊ ယင်းမှာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့အစည်းတိုင်းအတွက် မဟာအခွင့်အရေးပင် ဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန် နှိုးဆော်တိုက်တွန်းလိုက်သည်ဟုလည်း ထုတ်ပြန်သည်။

လိမ္မာပါးနပ်သော စစ်ကောင်စီ၏တပ်မှူးများကြောင့် လက်အောက်ငယ်သားများ အသက်ချမ်းသာရာရသည်ကို ရှမ်းမြောက်တွင်သာမက ရက္ခိုင်ဒေသများတွင် တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် လက်နက်ချအညံ့ မခံသောစခန်းများကို ထိုးစစ်မစတင်မီ လက်နက်ချအညံ့ခံရန် အသိပေးထားသည်ဟုဆိုသည်။

လက်နက်ချအညံ့မခံသော တပ်မှူးများကြောင့် လက်အောက်ငယ်သားများ၏အသက်မှာ မသေသင့်ဘဲသေဆုံးခဲ့ကြရပြီး မိသားစု၊ ဆွေမျိုးများနှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်သောဘဝမျိုးသို့ ရောက်ရှိ နေကြရသည်ဟုလည်း ဖော်ပြသည်။

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု အခြေအနေများကိုလည်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့တွင် စစ်ကောင်စီ တိုက်လေယာဉ်က ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက်ကြဲချခဲ့ကြောင်း၊ယနေ့ကြဲချသော စစ်ကောင်စီ၏ဖျက်အားပြင်းဗုံးသည် ယခင်ရက်များ၌ကြဲချသော ဗုံးနှင့်မတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအားပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိတက်ခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ဖျက်အားပြင်းဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း (၂) ကြိမ်တိုင် လာရောက်ပစ်ချခဲ့သဖြင့် လူနေအဆောက်အဦးများ၊ ဈေးနှင့် ဆေးရုံတို့ ပိုမိုပျက်စီးခဲ့ရသည်ဟု အသိပေးသည်။

ထို့ပြင် စစ်ကောင်စီ၏ဂျက်ဖိုက်တာမှ ဗုံး (၃) ကြိမ် ကြဲချတိုက်ခိုက်ခဲ့၍ ရမ်းဗြဲမြို့၊ အမှတ် (၃) အင်းတောင်ရပ်ကွက်မှ သီလရှင်ကျောင်း (၁) ဆောင်မှာ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီသည် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များရှိ ၎င်းတို့၏တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကင်းတောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်က ယမန်နေ့တွင် ပုဏ္ဏားကျွန်းမြို့အား မီးလောင်ပြာကျရန် အလယ်စုရပ်ကွက်ရှိ လူနေအိမ်များအား ဓာတ်ဆီလောင်း၍ မီးရှို့ဖျက်ဆီးခဲ့ရာ ရပ်ကွက် တစ်ခုလုံးမီးလောင်ပျက်စီးခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။