Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရမ်းဗြဲသို့ ရဟတ်ယာဉ် ၄စီးဖြင့်စစ်ကူပို့သည့် အင်အား ၁၂၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှ ထက်ဝက်ကျော်ကိုAA ချေမှုန်း၊ ကျန်​နေသူများကိုဆက်လက်တိုက်ခိုက်

ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်သည်ဟု ဖော်ပြထားသည်။

(ရမ်းဗြဲသို့ စစ်ကူသွား​သောစစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓါတ်ပုံ-AA Info Desk)
(ရမ်းဗြဲသို့ စစ်ကူသွား​သောစစ်​ကောင်စီတပ်ထံမှ AA သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓါတ်ပုံ-AA Info Desk)

▪︎လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်း၊ ကျည်များစွာရရှိ​ကြောင်း အသိပေး

▪︎မောင်တောရှိ တောကျောင်းစခန်း၊ ဘူးသီးတောင် ခမရ(၅၅၂) တပ်ရင်း၊ ပုဏ္ဏားကျွန်း ခမရ(၅၅၀) တပ်ရင်း၊ မင်းပြား တိုင်းဗဟို လေ့ကျင့်ရေးကျောင်းတို့အား AA ဆက်လက်ထိုးစစ်ဆင်

ရက္ခိုင်ပြည်နယ် ရမ်းဗြဲမြို့သို့ လေကြောင်းမှ စစ်ကူပို့လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြားပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၄ရက်နှင့် ၂၅ရက် တိုက်ပွဲသတင်းများကို အသိပေးရာ၌ ရမ်းဗြဲဒေသ စစ်ရေးအခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့် ရမ်းဗြဲကို စစ်ကောင်စီက ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ရဟတ်ယာဉ် (၄) စီးဖြင့် စစ်ကူများလာရောက်ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့မှ လက်ကျန်အင်အားများကို ပူးပေါင်းထားသည့် စစ်ကူစစ်ကြောင်းဖြစ်ပြီး အင်အား ၁၂၀ ခန့်ကို ရဟတ်ယာဉ် ၄စီးဖြင့် ၇ကြိမ် စစ်ကူချပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တပ်ရင်းနှစ်ရင်းပူးပေါင်းစစ်ကြောင်းအား ရက္ခိုင့်တပ်တော်မှ ချေမှုန်းတိုက်ခိုက်လျက်ရှိရာ ရန်သူ့စစ်ကြောင်းမှ ရန်သူ (၆၀) ကျော်ကို ချေမှုန်းနိုင်ခဲ့ကြောင်း ဖော်ပြကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု အခြေအနေကို ပြသခဲ့သည်။

ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။

စစ်ကောင်စီက တစ်နေ့လုံးနီးပါး လေကြောင်းမှ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေသည့်ကြားမှ စစ်ကူစစ်ကြောင်းကို ချေမှုန်းနိုင်ခဲံဟု ဖော်ပြသည်။

သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်အပြင် စစ်ရေးအရ မဖြစ်မနေ ချေမှုန်းရမည့် စခန်းများထဲမှ တစ်ခုဖြစ်သော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း ထုတ်ပြန်သည်။

အဆိုပါ လေ့ကျင့်ရေးကောင်းသည် မင်းပြားမြို့ရှိ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီစခန်းဖြစ်ပြီး AA က ထိုးစစ်ဆင်နေသည်မှာ တစ်ပတ်ကျော်ကြာပြီဖြစ်သည်။

လက်နက်ချအညံ့မခံသေးသောစခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း AAက ထုတ်ပြန်သည်။

ထို့ပြင် တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း AAက ယမန်နေ့ တွင် စတင်ထိုးစစ်ဆင်နေပြီး ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ( ၅၅၂) တပ်ရင်းကိုလည်း ဖေဖော်ဝါရီ ၂၄ရက်က စတင်ထိုးစစ်ဆင်နေကြောင်း ဖော်ပြ အသိပေးသည်။

စစ်ကောင်စီဘက်ကလည်း ရမ်းဗြဲမြို့အား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ နေ့တိုင်းပြုလုပ်လျက်ရှိရာ မြို့ရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများမှာ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။

ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။