Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်တွင် စစ်ကောင်စီတပ်ဗိုလ်မှူးတစ်ဦး အရပ်ဝတ်ဖြင့်အပြင်ထွက်လာစဥ် ပစ်ခတ်ခံရပြီးသေဆုံး

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

(စစ်ကောင်စီတပ် ဗိုလ်မှူးဘစိုင်းထံမှ သိမ်းဆည်းရမိသော ဖုန်းနှစ်လုံး၊ ဖုန်းထဲပါရှိသော ဗိုလ်မှူးဘစိုင်းပုံ။ဓါတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ် ဗိုလ်မှူးဘစိုင်းထံမှ သိမ်းဆည်းရမိသော ဖုန်းနှစ်လုံး၊ ဖုန်းထဲပါရှိသော ဗိုလ်မှူးဘစိုင်းပုံ။ဓါတ်ပုံ-ပေးပို့)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အရပ် ဝတ်ဖြင့် ဆိုင်ကယ်စီး အပြင်ထွက်လာသည့် စစ်ကောင်စီ​၏ အမှတ်(၂)ပင်မဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးဘစိုင်းဆိုသူကို လမ်းမှနေ၍ စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ် ရေးတပ်-ငါးပြေမပြောက်ကျားတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် အသိပေးထုတ်ပြန်သည်။

သတင်းကြိုရ၍ ဖေဖော်ဝါရီ ၂၃ ရက်က နတ်မောက်နယ် ဂွေးကုန်းရွာနှင့် သမျှားကုန်းရွာကြား၌ စောင့်ဆိုင်းနေစဥ် နံနက် ၆ နာရီခွဲခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသော ဗိုလ်မှူးဘစိုင်းအား တားဆီး၍ လက်ရဖမ်းဆီးကာ စစ်ဆေးမေးမြန်းပြီးနောက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖော် ပြသည်။

(စစ်ကောင်စီတပ် ဗိုလ်မှူးဘစိုင်းထံမှ သိမ်းဆည်းရမိသော ဖုန်းနှစ်လုံး၊ ဖုန်းထဲပါရှိသော ဗိုလ်မှူးဘစိုင်းပုံ။ဓါတ်ပုံ-ပေးပို့)
(စစ်ကောင်စီတပ် ဗိုလ်မှူးဘစိုင်းထံမှ သိမ်းဆည်းရမိသော ဖုန်းနှစ်လုံး၊ ဖုန်းထဲပါရှိသော ဗိုလ်မှူးဘစိုင်းပုံ။ဓါတ်ပုံ-ပေးပို့)

“ကျနော်တို့ စစချင်းမှာ သူ့ကို(ဘစိုင်း)ဗိုလ်မှူးမှန်း မသိဘူး။ အမှတ်(၂)ပင်မဆက်သွယ်ရေးတပ်ကလို့ပဲ သိထားတာ။ စစ်ဆေးမေးမြန်းတဲ့အချိန်မှာတော့ ဗိုလ်မှူးအဆင့်ဖြစ်တယ်ဆိုတာကို သူကိုယ်တိုင် ဝန်ခံသွားတယ်။ လမ်းမှာတားဆီးစစ်ဆေးပြီး မြေပြင်အခြေနေအရရှင်းလင်းခဲ့ရပါတယ်”ဟု ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ပစ်ခတ်ခံရ၍ သေဆုံးသွားသော ဗိုလ်မှူးဘစိုင်းဆိုသူသည် အမှတ်(၂)ပင်မဆက်သွယ်ရေးတပ်မှနေ၍ ပုဂံသို့ရထားဖြင့်သွားရန် သမျှားဘူတာသို့ ဆိုင်ကယ်ဖြင့်လာစဥ် ယခုကဲ့သို့ ဖမ်းဆီးပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်ဗိုလ်မှူးအား ကိုယ်တိုင်စစ်မေးစဥ်နှင့် ၎င်းထံမှသိမ်းဆည်းရရှိသော လက်ကိုင်ဖုန်းနှစ်လုံးကို စစ်ဆေးချက်များအရ ၎င်းအား ရွှေတြိဂံတိုင်းသို့ ပြောင်းရွှေ့တော့မည်ဟု သိရပြီး ဗိုလ်မှူးဘစိုင်းနှင့်အတူပါလာသော အမျိုးသမီးငယ်တစ်ဦးကိုမူ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ဗိုလ်မှူးဘစိုင်းအား စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်စောင့်စိုင်း၍ ပစ်ခတ်မှုလုပ်ဆောင်ခဲ့သော ဂွေးကုန်းကျေးရွာအနီးလမ်းပိုင်းသည် စစ်ကောင်စီ ပင်မစက်လက်နက်ပစ္စည်းထုတ် လုပ်ရေးစက်ရုံ(ရွာမွန်)နှင့် အမှတ်(၂)ပင်မဆက်သွယ်ရေးတပ်ကြားတွင်တည်ရှိပြီး ဂွေးကုန်းတောင်ဘက်ရှိ သမျှားရွာတွင်လည်း ရဲ စခန်းရှိရာ စစ်ကောင်စီတပ်သားများအထိုင်ချထားကြောင်း စုံစမ်းသိရသည်။

အထက်ပါ စစ်ရေးလှုပ်ရှားမှုကို နတ်မောက်မြို့နယ်(ပကဖ)၊ Aung San’s Land တပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်-ငါးပြေမပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။