Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်

ဖားဆောင်းမြို့၏ ပြည်သူနေအိမ် ၊ဈေးဆိုင် အဆောက်အဦးများသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၉၀ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးထားသည်။

မတ်လ ၁ရက်က ဖားဆောင်းမြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေသည်ကိုတွေ့ရစဥ်။(ဓာတ်ပုံ - JFK)
မတ်လ ၁ရက်က ဖားဆောင်းမြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်နေသည်ကိုတွေ့ရစဥ်။(ဓာတ်ပုံ - JFK)

▪️စစ်ကောင်စီတပ်သားအချို့ အလင်းဝင်လာဟုဆို

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ခဲ့သော ဖားဆောင်းမြို့တစ်ဝိုက်နှင့် မြို့တွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော်ပြုလုပ်ထားသည်ဟု ဆိုသည်။

“လက်နက်တွေပါတယ်။ ဖားဆောင်းမြို့မ ရဲစခန်းက တပ်သားတွေ။ငါးဦးလောက်ရှိတယ်လို့ လောလောဆယ် သိရတယ်။တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့(မတ်လ ၅ ရက်)တွင် ဖားဆောင်းမြို့မရဲစခန်းကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်းအချို့ ရရှိခဲ့ကြောင်း သီးခြားသတင်းရင်းမြစ်က အသိပေးသည်။

Public Service Announcement

Public Service Announcement

“မနေ့က မနက်ပိုင်းက ရလိုက်တာလို့ သိရတယ်။စကစ အလောင်းနဲ့ ခဲယမ်းအချို့ ရတယ်”ဟု ၎င်းက ပြောသည်။

မြေပြင်၌ရှုံးနိမ့်နေသည့် စစ်ကောင်စီက လေကြောင်း ပစ်ကူအား အဆမတန် အသုံးပြုနေဆဲဖြစ်ပြီး မတ်လ ၃ ရက်က ဖားဆောင်းမြို့၊ကွက်သစ်ရပ်ကွက်ကို ဗုံးကြဲခဲ့ရာ ပြည်သူငါးဦးသေဆုံးကာ ၂၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့သည်။

ဖားဆောင်းမြို့၏ ပြည်သူနေအိမ် ၊ဈေးဆိုင် အဆောက်အဦးများသည် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၉၀ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးထားသည်။

၂၀၂၀ ခုနှစ် ပြည်နယ်အစိုးရ၏စာရင်းအရ ဖားဆောင်းမြို့ပေါ်တွင် အိမ်ခြေ ၃၉၃လုံးနှင့် လူဦးရေ ၃,၄၀၁ဦးရှိသည်။ဖားဆောင်းမြို့၌ စစ်ကောင်စီ၏ ခလရ(၁၃၄)နှင့်(၁၃၅)တပ်တို့အခြေစိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။