Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် ၁၀ဦးထက်မနည်းသေဆုံး

ဖားဆောင်းမှတဆင့် မယ်စဲ့မြို့ဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များမှာ တပ်မ (၅၅) လက်အောက်ခံ ခမရ(၅၀၈) နှင့် (၅၁၂)တပ်များ ဖြစ်သည်။

(သြဂုတ် ၅ရက်က ကျောက်စုကျေးရွာ အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(သြဂုတ် ၅ရက်က ကျောက်စုကျေးရွာ အနီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️လက်နက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိဟု ဖားဆောင်း PDFပြော

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၀ဦးထက်မနည်းသေဆုံးပြီး လက်နက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိကြောင်း ဖားဆောင်း PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သြဂုတ် ၅ရက်က ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်ကြားရှိ ကျောက်စုကျေးရွာအနီး၌ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“သိမ်းနိုင်ခဲ့တဲ့ လက်နက်နဲ့ခဲယမ်းအရ သူတို့ဘက်က သေပြေးရှင်ပြေးနဲ့ ဆုတ်ခဲ့ရတာ။နောက်တစ်ခု လေကြောင်းကနေချည်းပဲကို တစ်ရက်တည်းနဲ့ ခြောက်ကြိမ်ထိထိ ပစ်ကူလာပေးခဲ့တယ်”ဟု ဖားဆောင်း PDF တာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

ဖားဆောင်းမှတဆင့် မယ်စဲ့မြို့ဘက်သို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များမှာ တပ်မ (၅၅) လက်အောက်ခံ ခမရ(၅၀၈) နှင့် (၅၁၂)တပ်များ ဖြစ်သည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၅ ရက်က တိုက်ပွဲအတွင်း ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရသည်။

လက်ရှိအချိန်ထိ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး(ကလလတ)နှင့် ဖားဆောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ပူးပေါင်း တိုက်ခိုက်နေသည်။

ဇူလိုင် ၂၇ရက်ကလည်း ဖားဆောင်းမြို့မြောက်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာကို ကရင်နီပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်နှင့် ခဲယမ်းများရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။