Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းစုကြည်​နေအိမ် လေလံကိစ္စအဓိကလုပ်ကိုင်သော ဗဟန်းမြို့နယ်ထွေအုပ်နှင့် စည်ပင်ရုံးအား ရန်ကုန်ပကဖ ဖောက်ခွဲတိုက်ခိုက်

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

(ဒေါ်အောင်ဆန်းစုကြည်​၏နေအိမ်နှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ထွေအုပ်ရုံးဟောင်းနှင့်စည်ပင်ရုံးနေရာအား မြင်တွေ့ရစဉ်)
(ဒေါ်အောင်ဆန်းစုကြည်​၏နေအိမ်နှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ထွေအုပ်ရုံးဟောင်းနှင့်စည်ပင်ရုံးနေရာအား မြင်တွေ့ရစဉ်)

လူထုခေါင်းဆောင် ဒေါ်​အောင်ဆန်းစုကြည်​​၏နေအိမ် ခြံအမှတ်(၅၄) လေလံကိစ္စ အဓိကပါဝင်လုပ်ကိုင်​ပေးသည့် ဗဟန်းမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဟောင်းအား ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်ပကဖမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကုက္ကိုင်းရိပ်သာလမ်းထောင့်ရှိ ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးကို ယ​နေ့ (မတ်လ ၁၉ရက်) နံနက်စော ၄နာရီခန့်က ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း​ဖြစ်သည်။

(ဒေါ်အောင်ဆန်းစုကြည်​၏နေအိမ်နှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ထွေအုပ်ရုံးဟောင်းနှင့်စည်ပင်ရုံးနေရာအား မြင်တွေ့ရစဉ်)
(ဒေါ်အောင်ဆန်းစုကြည်​၏နေအိမ်နှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ထွေအုပ်ရုံးဟောင်းနှင့်စည်ပင်ရုံးနေရာအား မြင်တွေ့ရစဉ်)

အဆိုပါ တိုက်ခိုက်မှုကြောင့် ဘန်ကာတွင်းကင်းစောင့်​နေ​သော ရဲနှစ်ဦးပွဲချင်းပြီး ​သေဆုံးကာ အိပ်ပျော်နေသော စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့​ကြောင်းသိရသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများ လုံခြုံ​ရေးလှည့်ပြီးပြန်ဝင်လာချိန်နှင့် အချိန်ကိုက်ဖြစ်၍ အထိနာခဲ့​ကြောင်း၊ နံနက် ၄နာရီခွဲခန့်တွင် စစ်ကား၊ လူနာတင်ကားများ လမ်းမ​ပေါ် သွား​လာနေ​ကြောင်း အနီးပတ်ဝန်းကျင်မှတဆင့်ကြားသိရသည်ဟု ဆိုသည်။ သို့သော် အသေးစိတ်စာရင်းမသိရသေး​သော်လည်း စစ်ကောင်စီတပ်သားများအထိနာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ခိုက်မှုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ပါဝါ(၅၄) ခြံ လေလံကိစ္စမြေပုံ၊ မြေရာဇဝင်များအတွက် အဓိကဇာတ်ကောင်အဖြစ် လုပ်ကိုင် ဆောင်ရွက် ပေးခဲ့သည့် စစ်ကျွန်ဗဟန်းစည်ပင်အား ပြင်းထန်​သောအ​ရေးယူမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန် ပကဖက ပြောသည်။

​ထို့အပြင် ပြည်သူလူထုနှင့်ဆန့်ကျင်​သောလုပ်ရပ်များ ကျူးလွန်​နေ​သူ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ရန်ကုန်ပကဖ က လက်ပိုက်ကြည့်နေမည်မဟုတ်ဘဲ ယခုထက် ပိုမို ပြင်းထန်​သော အ​ရေးယူတိုက်ခိုက်မှုများကို စနစ်တကျ ပြုလုပ်သွားမည်ဟု ရန်ကုန်ပကဖက ဆိုသည်။

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။