Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံထွေအုပ်ရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းရုံးကို ပြောက်ကျားအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများက ရွေးကောက်ပွဲမြပေးမှုနှင့်ပတ်သက်ပြီး ပြင်ဆင်လေ့ကျင့်နေစဉ်။ ဓာတ်ပုံ − စကစ

စက်တင်ဘာ-၁၅၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီ၏ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသော ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၆)ယာဉ်ထိန်းတပ်ဖွဲ့ ရုံးတို့ကို လက်ပစ်ဗုံး နှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“မြောက်ဒဂုံ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် အမှတ်(၆)ယာဉ်ထိန်းရဲတပ်ဖွဲရုံး၂ရုံး – ၁ရုံးကို လက်ပစ်ဗုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ နောက်ဆက်တွဲ ရန်သူထိခိုက်မှုကတော့ ထွေအုပ်ရုံးမှာ ရုံးထိခိုက်ပျက်စီးမှုရှိခဲ့ပြီး၊ အမှတ်(၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှာ ဘဲဥတွေ ထိခိုက်ဒဏ်ရာရတာမျိုး ကြားသိရတယ်။ “ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို Operation Flame အဖွဲ့နှင့်အတူ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်း၍ စက်တင်ဘာ ၁၅ ရက် နံနက် ၁နာရီခွဲ ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Operation Flame ၏ “Fire Power” အထူးစစ်ဆင်ရေးစစ်ရေးပစ်မှတ်များအဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ပဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူ လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်ပါတယ်။” ဟု အထက်ပါတာဝန်ခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရားသိမ်းယူထားခြင်းဖြစ်သောကြောင့် ၎င်းတို့ထုတ်ပြန်သည့် မည်သည့်ဥပဒေမဆို တရားမဝင်ကြောင်းနှင့် လိုက်နာစရာမကြောင်း ၎င်းကဆိုသည်။

“သူတို့လုပ်တဲ့ ရွေးကောက်ပွဲတာ သူတို့ သက်ဆိုးရှည်ဖို့ ပြုလုပ်တဲ့ ရွေးကောက်ပွဲဘဲ ဖြစ်တယ်။ အာဏာရူးတွေ လုပ်တဲ့ရွေးကောက်ပွဲမှာ အာဏာရှင်ဘဲ တက်မှာ ဖြစ်လို့ ကျနော်တို့ဘဲ ဆန့်ကျင်ရမှာ မဟုတ်ဘဲ ပြည်သူတရပ်လုံးအနေနဲ့ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ကိုလည်း အသိပေးတိုက်တွန်းလိုပါတယ်ဗျ။ ဒီ အတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်အတွက် ထွက်ပေါက်တခုသာဖြစ်ပြီး ပြည်သူတွေအတွက်တော့ ထောင်ချောက်တခုပါ”ဟု စစ်ကောင်စီ၏ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ၎င်းကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။