Connect with us

Hi, what are you looking for?

သတင်း

ပေါင်းတည်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရ

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပေါင်းတည်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရ
ပေါင်းတည်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင် ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကံငယ်အုပ်စုစုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့(PPDF)မှ ပြန်ကြားရေးတာ ဝန်ခံက ပြောသည်။

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်ရှင်းလင်းမှုတွင် အုပ်ကြီးမျိုးမြင့်သိန်းမှာ ခြေထောက်အားနှစ်ချက်ထိမှန်ပြီး အိမ်အတွင်းသို့ဝင်ရောက်ထွက်ပြေးသွားရာ မသက်ဆိုင်သူ၎င်း၏မိသားစုဝင်များထိခိုက်မည်ကို စိုးရိမ်သဖြင့် ထပ်မံပစ်ခတ်ခြင်မပြုတော့ဘဲပြန်လည်ဆုပ်ခွာခဲ့ကြောင်း PPDF ပြန်ကြား ရေးတာဝန်ခံက ပြောသည်။

“စစ်ကောင်စီထောက်တိုင် အုပ်ကြီးနဲ့ ပျူတွေကိုရှင်းတာ ခုလ(မတ်)ထဲမှာ နှစ်ကြိမ်ရှိပြီဗျ”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

PPDF တပ်ဖွဲ့မှ ရဲဘော်များသည် ပေါင်းတည်မြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင်များအား ပစ်ခတ်ရှင်းလင်းလျှက်ရှိရာ မတ်လ ၁၂ ရက် ညပိုင်းက သစ်ပုတ်ကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ဦးသန်းဦးဆိုသူကို ၎င်းနေထိုင်ရာ သစ်ပုတ်ရွာရှိနေအိမ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့သည်။

အလားတူ ပဲခူးတိုင်းအနောက်ခြမ်း နတ်တ လင်းမြို့နယ်၊ ပျဥ်ပုံကျေးရွာတွင်လည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဘဲမြှီး(ခ)ရဲအောင်ဆိုသူကို နတ်စစ်သည်တပ်ဖွဲ့က ယမန်နေ့(မတ် ၁၈)တွင် ကျေးရွာအတွင်း ဝင်းရောက်ပစ်ခတ်ခဲ့သေးသည်။

ထိုသို့ဝင်ရောက်ပစ်ခတ်စဥ် ရဲအောင်၏ မိသားစုဝင်များအပါအဝင် ပျူစောထီးအင်အား ၃၀ ခန့်က ပြန်လည်ခုခံရန်ပြုလုပ်သည့်အပြင် ပျူအဖွဲ့ဝင်နှင့်အုပ်ကြီးဟောင်း စိုးလေးဆိုသူက ရဲဘော်များအား ဓားနှင့်ဝင်ခုတ်သဖြင့် ပစ်ခတ်ရှင်းလင်းလိုက်ရကြောင်း နတ်စစ်သည်တပ်ဖွဲ့က အသိပေးသည်။

သို့ဖြစ်ရာ အုပ်ကြီးဘဲမြှီး(ခ)ရဲအောင်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်လည်ခုခံသော ပျူစောထီးအချို့အား ပစ်ခတ်၍ ဆုတ်ခွာခဲ့ရကြောင်း နတ်စစ်သည်တပ်ဖွဲ့က ထုတ် ပြန်သည်။

ထို့ကြောင့် နတ်စစ်သည်တပ်ဖွဲ့အနေဖြင့် စစ်ရေးပစ်မှတ်များကို ထပ်မံရှင်းလင်းမည်ဖြစ်၍ မဆိုင်သူများအနေနှင့် စစ်ဆင်ရေးများတွင် ဝင် ရောက်နှောက်ယှက်ပါက စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ ပစ်ခတ်ချေမှုန်းသွားမည်ဟု သတိ ပေးထားသည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ရေငံအုပ်စု၊ သရက်တောကျေးရွာတွင်လည်း မတ် ၁၅ ရက်က ပျူစောထီးအဖွဲ့ဝင်ငါးဦးကို တော်လှန်ရေးတပ်ဖွဲ့များက တပြိုင်နက်ပစ်ခတ်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။