Connect with us

Hi, what are you looking for?

သတင်း

စိန်လုံဗျူဟာမှ ထွက်ပြေးသွားသည့်ဗျူဟာမှူး အားKIA ဖမ်းဆီး​သော ရုပ်သံမှတ်တမ်းထွက်​ပေါ်လာ

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(စိန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​အောင်ကို KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးလာစဥ်။ရုပ်သံ-ကချင်​တောင်တန်း)
(စိန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​အောင်ကို KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးလာစဥ်။ရုပ်သံ-ကချင်​တောင်တန်း)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီ၏ စိန်လုံဗျူဟာတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်မှ ဗျူဟာမှူးကို ဖမ်းဆီးခဲ့​​သော ရုပ်သံဖိုင် ယ​နေ့ညပိုင်တွင် လူမှုကွန်ယက်၌ပြန့်နှံလာသည်။

ကချင်​တောင်တန်း အမည်ရ တယ်လီဂရန်ချန်နယ်တွင် စစ်​ကောင်စီတပ်၏ စိန်လုံဗျူဟာမှ ဗျူဟာမှူးကို ဗိုလ်မှူးကြီး ဟိန်းထက်အောင် အားKIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး လက်​နောက်ပြန်ကြိုးဖြင့်တုတ်၍ ဖွက်ထား​သော​သေနတ်ကို ပြရန် ​ပြောဆို​နေကြသည်ကို​တွေ့ရသည်။

(စိန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​အောင်ကို KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးလာစဥ်။ရုပ်သံ-ကချင်​တောင်တန်း)
(စိန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​အောင်ကို KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးလာစဥ်။ရုပ်သံ-ကချင်​တောင်တန်း)

“မင်းကအ​ပေါ်င​နေ​ခေါင်းမာပြ​နေတာ​ပေါ့”ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက ​​ပြောရာ “မဟုတ်ပါဘူး ​ကြောက်လို့ပါ”ဟုစစ်​ကောင်စီတပ်ဗျူဟာမှူး ဟုပြန်​ပြောသည်။ “​စော​စောကတည်းက​ကောင်း​ကောင်းမွန်မွန်ထွက်လာရင် ဘာမှမလုပ်ဘူး​ပြော​နေတာကို “ဟု KIA ရဲ​​ဘော်က​ပြောရာ “ငါ​ကြောင်​နေပြီ”ဟု ဗိုလ်မှူးကြီး ဟိန်းထက်အောင် ကပြန်​ပြောရာ “လက်နက်ချရင် ငါတို့ဘာမှမလုပ်ဘူး”ဟု KIA ရဲ​ဘော်ကပြောသည်ကိုလည်း​တွေ့မြင်ရသည်။

Public Service Announcement

Public Service Announcement

စကခ(၂၁) နည်းဗျူဟာ(၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင်မှာ ဖမ်းဆီးခံထားရစဥ် စစ်စွပ်ကျယ် ဖြင့် ​ကြောက်လန့် စိုးထိတ်နေသည်ကို ၅ မိနစ်​​ကျော်ကြာ​သောရုပ်သံမှတ်တမ်းတွင်​တွေ့ရသည်။

ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/39457တွင်ကြည့်ရှု့နိုင်ပါသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စိန်လုံဗျူဟာတပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း အားလုံးကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စိန်လုံဗျူဟာကို ဧပြီ ၁ရက်မနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

(စိန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​အောင်ကို KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးလာစဥ်။ရုပ်သံ-ကချင်​တောင်တန်း)
(စိန်လုံဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်​အောင်ကို KIA တပ်ဖွဲ့ဝင်များကဖမ်းဆီးလာစဥ်။ရုပ်သံ-ကချင်​တောင်တန်း)

အဆိုပါတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများနှင့် KIA တို့ မိုးမောက်မြို့နယ် ကျောက်စခန်း အနီး ယနေ့ ဧပြီ ၆ရက်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ၊ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူများ ရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဖမ်းမိတာ ၂၉ယောက်ရှိသွားပြီ။ သေသွားတာ အယာက် ၃၀လောက်ရှိပြီ။ မိုးမာက်မြို့နားက ကျောက်စခန်းမှာ ။ ဖမ်းမိတာတွေက ဒီနေ့မိတာဟုတ်တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧပြီ ၆ ရက်တွင် လူထု​နွေဦးသို့ ပြောသည်။

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် ရှုံးပွဲဆက်​နေသည့်စစ်​ကောင်စီတပ်သည့် ရှမ်းပြည်နယ်​မြောက်ပိုင်းတွင် ညီ​နောင်မဟာမိတ် သုံးဖွဲ့၏ဘ ၁၀၂၇ စစ်ဆင်​ရေး စတင်ပြီး​နောက်ပိုင်း စစ်တပ် ထိပ်ပိုင်းအရာရှိများဖမ်းဆီးခံရမှု ၊​သေဆုံးဒဏ်ရာရမှူ ၊လက်နက်ချမှုအလွန်များလာသည်။ အထူးသဖြင့် ရှမ်းပြည်နယ်​မြောင်ပိုင်း ၊ရခိုင်ပြည်နယ် ၊ကရင်ပြည်နယ် ၊ ကရင်နီပြည် စသည့်​ဒေသတို့တွင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။