Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ဘူးသီးတောင်၌ မူဆလင်အချို့ကို သင်တန်းပေးနေသည့်အပြင် ရခိုင်မုန်းတီးရေး လုပ်ဆောင်နေဟု AA ပြော

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

(ယခုနှစ် ​ဖေ​ဖော်ဝါရီလ ၃၊၅၊၆ တွင် ​မောင်​တောမြို့နယ်ရှိတောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများကို AA ကတိုက်ခိုက်သိမ်းပိုက်စဥ် ARA နှင့် RSO စခန်းတို့ကိုပါ သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့စဥ်။ ဓါတ်ပုံ-AA Info Desk)

▪️စစ်​ကောင်စီက ARSA နှင့် ARA အုပ်စုများကိုစစ်ငင်တန်း​ပေးပြီးလက်နက်​ထောက်ပံ့​နေဟု AA ​ပြော

ရှိုင်း/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်း၌ မူဆလင်အချို့အား စစ်သင်တန်းပေးနေကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧပြီ ၁၃ရက်တွင် ပြောကြားခဲ့ပြီး စစ်ပွဲကာလဖြစ်၍ လိုအပ်သလို ပြတ်သားစွာတုံ့ပြန်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ဘူးသီးတောင်မြို့အနီး လက်ရှိအခြေအနေကို ဦးခိုင်သုခ၏ တယ်လီဂရမ် ချန်နယ်မှတဆင့် အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ သင်တန်းပေးနေသည့်သူများမှာ “အစွန်းရောက် အကြမ်းဖက်မူဆလင်စစ်သွေးကြွ တချို့” ဖြစ်သည်ဟု ဖော်ပြသည်။ စစ်​ကောင်စီက ARSA နှင့် ARA အုပ်စုများကို စစ်သင်တန်း​ပေး ၊လက်နက်တပ်ဆင်​ပေး​နေ​ကြောင်းဆက်​ပြောသည်။

(ယခုနှစ် ​ဖေ​ဖော်ဝါရီလ ၃၊၅၊၆ တွင် ​မောင်​တောမြို့နယ်ရှိတောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများကို AA ကတိုက်ခိုက်သိမ်းပိုက်စဥ် ARA နှင့် RSO စခန်းတို့ကိုပါ သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့စဥ်။ ဓါတ်ပုံ-AA Info Desk)
(ယခုနှစ် ​ဖေ​ဖော်ဝါရီလ ၃၊၅၊၆ တွင် ​မောင်​တောမြို့နယ်ရှိတောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများကို AA ကတိုက်ခိုက်သိမ်းပိုက်စဥ် ARA နှင့် RSO စခန်းတို့ကိုပါ သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့စဥ်။ ဓါတ်ပုံ-AA Info Desk)

“စစ်သင်တန်းပေး ၊ လက်နက်တွေတပ်ဆင်ပေးနေပါတယ်။ ဒီလက်နက်ကိုင်တွေကို ဘူးသီးတောင်မြို့တွင်းနှင့်ဆက်စပ်ရွာတချို့မှာ တပ်ဖြန့်ချထားပြီးတော့ ရခိုင်မုန်းတီးရေး ညာသံပေး အော်ခိုင်းနေတာတွေရှိပါတယ်။ အခုလိုစစ်ပွဲပြင်းထန်နေတဲ့အချိန်မှာ ARSA နှင့် ARA အကြမ်းဖက်အုပ်စုတွေဟာ စစ်ကောင်စီဆီမှာ သင်တန်းတက်၊ စစ်ကောင်စီကတပ်ဆင်ပေးတဲ့လက်နက်တွေယူ၊ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ကျနော်တို့ကိုတိုက်ခိုက်နေတာရှိပါတယ်”ဟု ဦးခိုင်သုခက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အဆိုပါအခြေအနေသည် အထူးအန္တရာယ်များသည့် စစ်ကောင်စီ၏ နိုင်ငံရေးကစားကွက်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

“မူဆလင် စီးပွားရေးသမားတချို့နှင့် ဘာသာရေးခေါင်းဆောင်တချို့ဟာ သူတို့ရဲ့အကျိုးစီးပွားအတွက် စစ်ကောင်စီဖက်ကရပ်တည်ပြီးတော့ စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်နေတာတွေရှိပါတယ်။ စစ်သွေးကြွတွေကတော့ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းသွားဖို့အခြေအနေရှိပါတယ်။ မူဆလင်တွေအားလုံးစစ်ကောင်စီနှင့်ပူးပေါင်းတာတော့မဟုတ်ပါဘူး။ သမာသမတ်ရှိတဲ့ မူဆလင်ဘာသာရေးခေါင်းဆောင်တွေအနေနှင့် အမှန်တရားကိုပြောပြီးတော့ သူတို့ မူဆလင်အသိုင်းအဝိုင်းကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

“စစ်ပွဲကာလမှာတော့ စစ်ကာလနှင့်အညီ လိုအပ်ရင်လိုအပ်သလို ပြတ်ပြတ်သားသားတုံ့ပြန်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးမသမာမှုများနှင့် ဒေသတွင်း မတည်ငြိမ်မှုများ၊ ပဋိပက္ခများကို ပုံစံအမျိုးမျိုးနှင့် ဖန်တီးပြီး ဘာသာရေးလူမျိုးရေးအဓိကရုဏ်းတွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေကြောင်းလည်း ဦးခိုင်သုခက ပြောသည်။

(ယခုနှစ် ​ဖေ​ဖော်ဝါရီလ ၃၊၅၊၆ တွင် ​မောင်​တောမြို့နယ်ရှိတောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများကို AA ကတိုက်ခိုက်သိမ်းပိုက်စဥ် ARA နှင့် RSO စခန်းတို့ကိုပါ သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့စဥ်။ ဓါတ်ပုံ-AA Info Desk)
(ယခုနှစ် ​ဖေ​ဖော်ဝါရီလ ၃၊၅၊၆ တွင် ​မောင်​တောမြို့နယ်ရှိတောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများကို AA ကတိုက်ခိုက်သိမ်းပိုက်စဥ် ARA နှင့် RSO စခန်းတို့ကိုပါ သိမ်းပိုက်ခဲ့ပြီးလက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရရှိခဲ့စဥ်။ ဓါတ်ပုံ-AA Info Desk)

ဧပြီ ၁၁ရက်ကလည်း ဘူးသီးတောင်မြို့ထဲ၌ လည်လှီးသတ်ဖြတ်ခံထားရသည့် ရက္ခိုင်လူမျိုး လူငယ် ၂ဦး အလောင်းကို တွေ့ခဲ့ကြောင်း ၊ ယင်း လူသတ်မှုသည် စစ်ကောင်စီနှင့် စစ်သွေးကြွ မူဆလင်အကြမ်းဖက်သမားက ကျူးလွန်ခြင်းဖြစ်ကြောင်း AAက ဖော်ပြသည်။

“နောက်ပြီးတော့ ဘူးသီးတောင်မြို့ပေါ်မှာရှိနေတဲ့ ရက္ခိုင်လူမျိုးအများစုဟာ စစ်ကောင်စီနှင့် စစ်ကောင်စီသင်တန်းပေး လက်နက်တပ်ဆင်ထားပေးထားတဲ့ မူဆလင်စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုကြောင့် မြို့ထဲကထွက်ပြေးသွားခဲ့ကြပါပြီ။ အခု ဘူးသီးတောင်မြို့ထဲက ရက္ခိုင်အိမ်တွေကို စစ်ကောင်စီနှင့် သူတို့သင်တန်းပေးလက်နက်တပ်ဆင်ထားတဲ့ မူဆလင်လက်နက်ကိုင်တွေက တန်ဖိုးရှိပစ္စည်းတွေကိုဖောက်ထွင်းခိုးယူတာ၊ နေအိမ်တွေကိုဖျက်စီးတာတွေကို နေ့စဉ်ရက်ဆက်လုပ်နေကြပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြို့ထဲ၌ ကျန်နေသည့် ဟိန္ဒူဘာသာဝင်တချို့ကိုလည်း အပြင်ထွက်ခွင့်မပေးဘဲ မူဆလင်လက်နက်ကိုင်များက အသက်အန္တရာယ်ခြိမ်းခြောက်နေသည်ဟု ထုတ်ပြန်သည်။

ယခုနှစ်၊ ဖေဖော်ဝါရီလ၄၊၅၊၆ ရက်နေ့များတွင်စစ်ကောင်စီတပ်၏ လက်အောက်ခံ ဘင်္ဂလာ-ရက္ခိုင် နယ်ခြားစောင့်တပ်စခန်းများဖြစ်သော တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများကို AA ကတိုက်ခိုက်သိမ်းပိုက်စဥ် ARA နှင့် RSO စခန်းတို့ကိုပါ သိမ်းပိုက်ခဲ့သည်။ ထိုစဥ်က ARA နှင့် RSO တပ်စခန်းများမှာ စစ်​ကောင်စီနှင့် ချိတ်ဆက်မှုရှိ​နေသလို ဘဂ်လား​​ဒေရှ်သို့ထွက်​ပြေးမဘ့်စစ်​ကောင်စီတပ်သားများမှာ လက်နက်ခဲယမ်းများကို ARA ၊RSO အဖွဲ့များသို့​ရောင်းခဲ့​ကြောင်း AA ကထုတ်ပြန်အသိ​ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။