Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်ရှိ KIO/KIA ရုံး မနက်ဖြန်နောက်ဆုံးထားဖယ်ပေးရန် TNLA ပြောလာဟု ကချင်စစ်ရေး သတင်းရင်းမြစ်ပြော

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)ဆက်ဆံရေးရုံး နှင့် KIAတပ်ဖွဲ့ဝင်များကို မနက်ဖြန် ဧပြီ ၁၅ရက် နောက်ဆုံးထားပြီး ကွတ်ခိုင်မြို့မှ ထွက်ခွာရန် တအာင်းတပ်မတော်(TNLA) ဘက်ကလာပြောသွားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

ဧပြီ ၁၀ရက်တွင် TNLA မှ ဗိုလ်ရွှေတောနှင့် နယ်မြေခံ အုပ်ချုပ်ရေးမှူးဆိုသူ နှစ်ဦးသည် ကွတ်ခိုင် KIA ဆက်ဆံရေးရုံးသို့ ရောက်လာပြီး ယခုကဲ့သို့ သတိပေးလာသည့်အပြင် KIA ရုံးတွင် လွှင့်ထူထားသော ကချင်အမျိုးသားအလံကို ဖြုတ်ချရန် ပြောဆိုသွားသည်ဟုThe Kachin Sub-State Mediaက ဖော်ပြခဲ့သည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – TheKachinSubStateMedia/DG)

ထို့ပြင် ဧပြီ ၁၂ရက်တွင်လည်း TNLA အမှတ်(၃၃၅)တပ်ရင်းမှ ဗိုလ်သန်းအောင်နှင့် အမှတ်(၂၂၃) တပ်ရင်းမှ ဗိုလ်အိုက်နိုင်တို့ နှစ်ဦးကလည်း ကွတ်ခိုင်မြို့အတွင်းရှိ KIA ဆက်ဆံရေးရုံးနှင့် တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် နောက်ဆုံးထားပြီး အပြီးထွက်ခွာရန် ဒုတိယအကြိမ်ထပ်မံ သတိပေးပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယင်းသို့ TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဘာကြောင့် မသိပါ။ မဖယ်ပါဘူး”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ KIA ရုံးဖယ်ရှားခိုင်းခြင်းမှာ TNLA ထိပ်ပိုင်းခေါင်းဆောင်များ၏ သဘောထား ဟုတ်၊ မဟုတ် မပြောနိုင်သေးဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“အထက်က ဖယ်ခိုင်းတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက် ပြီး TNLAက သိမ်းပိုက်ထားသော်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်ကိုလည်း KIAက သိမ်းပိုက်ထားသည်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တော်လှန်ရေးအဖွဲ့အချင်းချင်း ပွတ်တိုက်မှုများကို စစ်ရေးဖြင့်ဖြေရှင်းရန် ဆန္ဒမရှိဘဲ သမိုင်းကြောင်း အခြေခံပြီးဆွေးနွေးဖြေရှင်းရန် ဆန္ဒရှိကြောင်း ယခုနှစ် ဖေဖော်ဝါရီ ၅ရက်တွင် ကျရောက်သည့် KIAတည်ထောင်ခြင်း ၆၃ နှစ်ပြည့်နေ့ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် တော်လှန်ရေးကာလ၌ နေရာတစ်ခုတည်း၌ ပူးပေါင်းပြီး နေထိုင်တော်လှန်နေသည့် ကာလဖြစ်၍ အချင်းချင်း ပွတ်တိုက်မှု ရှိခဲ့သည့် အခြေအနေအပေါ် KIO/KIA၏ သဘောထားကိုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဘာသာနှင့် ပြောကြားခဲ့သည့် KIO ဥက္ကဋ္ဌ၏ မိန့်ခွန်းပါအချက်ကို ရှင်းပြခဲ့သည်။

(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TheKachinSubStateMedia/DG)
(ကွတ်ခိုင်မြို့ရှိ KIA ဆက်ဆံရေးရုံးနှင့် သစ်တော ဆိုင်းဘုတ်တို့ ဖျက်ဆီးခံထားရသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – TheKachinSubStateMedia/DG)

” အဲဒီ နေရာနဲ့ပတ်သက်လို့ ဒေသနဲ့ပတ်သက်လို့တော့ ကျနော်တို့ KIO အနေနဲ့တော့ နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်လို့ ကျနော်တို့ခိုင်မာတဲ့ သမိုင်းကြောင်းတွေ ရှိတဲ့ ဌာနေတိုင်းရင်းသားတွေဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းကြောင်းကို အခြေခံပြီးမှ ကျနော်တို့ဆွေးနွေးအဖြေရှာပြီးမှ ဖြေရှင်းဖို့ပဲ ကျနော်တို့ KIOက ဆန္ဒရှိပါတယ်။ စစ်ရေးပဋိပက္ခနဲ့ ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ KIOရဲ့ဆန္ဒ မရှိပါဘူး။ဒါကြောင့် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ အားလုံး အချင်းချင်းညှိနှိုင်းတိုင်ပင်ပြီးမှ သမိုင်းကြောင်း ခိုင်ခိုင်မာမာရှိတာကို အခြေခံပြီးမှ ဖြေရှင်းဖို့ ပဲ ကျနော်တို့ ဆန္ဒရှိတဲ့အကြောင်းတွေ ပါပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO/KIAနှင့် PSLF/TNLAတို့သည် မဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားသည့် အဖွဲ့များ ဖြစ်သော်လည်း ရှမ်းမြောက်ဒေသ၌ ပြဿနာအချို့ရှိနေသည်။

ရှမ်းမြောက်ရှိ KIA ဂိတ်အချို့ကို TNLAက ဖယ်ရှားခိုင်းခြင်း၊ KIO/KIAက ပြုလုပ်ထားသည့် သစ်တောထိန်းသိမ်းရေးဆိုင်းဘုတ်များကို TNLA က ဖျက်ဆီးခြင်းများရှိကြောင်း ကချင်သတင်းဌာနအချို့က ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။