Connect with us

Hi, what are you looking for?

သတင်း

ဆွာမြို့အနီး စစ်​တောင်းမြစ်အရှေ့ဘက်ခြမ်း စစ်​ကြောင်းထိုးလာ​သောစစ်​ကောင်စီတပ်ကို​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

(ပဲခူးတိုင်းမှ ​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)
(ပဲခူးတိုင်းမှ ​တော်လှန်​ရေးပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-NUG-MOD)

▪︎တိုက်ပွဲပြင်းထန်ပြီး စစ်​ကောင်စီတပ် ​လေ​ကြောင်းမှပစ်ကူ​ပေး

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အနီး စစ်တောင်းမြစ်အရှေ့ခြမ်းတွင် စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ လေ ကြောင်းပစ်ကူပေးခဲ့ကြောင်း တောင်ငူခရိုင် တပ်ရင်း ၃၅၀၂၊ တပ်ခွဲ(၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဧပြီ ၁၇)က ဆွာမြို့အနီး မြစ်အရှေ့ဘက်ခြမ်းကျေးရွာများသို့ အင် အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နံနက် ၅ နာရီခန့်မှ နေ့လယ် ၁၂ နာရီခန်လအထိ တပ်ရင်း ၃၅၀၂၊ တပ် ခွဲ(၂)၊ ကီးကူစစ်ကြောင်းပါဝင်သောတော် လှန်ရေးပူးပေါင်းအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မြစ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီက အင် အား ၂၀၀ ခန့် စစ်ကြောင်းထိုးလာတာ။ (စစ် ကြောင်းဝင်ရောက်သည့်ကျေးရွာများ)ရွာနာ မည်တွေ အတိအကျတော့ ပေးလို့မရသေးပါဘူး။ ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ ၃၅၀၁၊ ခွဲ ၄ တို့က ခုခံစစ်တိုက်ခဲ့တာပါ”ဟု တပ်ရင်း ၃၅၀၂၊ ခွဲ ၂(ကီးကူစစ်ကြောင်း)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲ စစ်ကောင်စီတပ်ဘက်မှ ထိ ခိုက်သေဆုံးမှုအခြေအနေကို အတိအကျ မသိရသေးသော်လည်း အထိနာသွားသည်ဖြစ်ရာ စစ်ကောင်စီဘက်မှ ဒရုန်းခြောက်စီးအပါ အဝင် ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ကြောင်း ၎င်းက ဆက်ပြော သည်။

“ဓာတ်ပုံ(မှတ်တမ်းတင်ခြင်း)ရတာတော့ ၂ လောင်းပဲရတယ်။ ဘယ်လောက်ထိကျ (သေ ဆုံး)လဲတော့ အတိအကျမသိပါဘူး။ ဖောကား ၂ စီးနဲ့ ဒဏ်ရာရနဲ့ အလောင်းတွေကိုလာသယ်သွားတယ်လို့တော့ ကနဦးသတင်းရပါတယ်”ဟု တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ မှ တာဝန် ရှိသူက ရှင်းပြသည်။

စစ်​ကောင်စီတပ်​သေဆုံး၊ဒဏ်ရာရသူများတွင် ပျူ​စောထီး (ပြည်သူ့စစ်) များပါဝင်​နေသည်ကိုလည်း​တွေ့ရသည်။ဓါတ်ပုံများကို People’s Spring တယ်လီဂရန်ချန်နယ်

https://t.me/PeopleSpring/39953?single

တွင်ကြည့်ရှုနိုင်ပါသည်။

အထက်ပါ စစ်ဆင်ရေးတွင် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ လေးဦးကျဆုံးရာ ပုဝါနီစစ်ကြောင်းမှ တစ်ဦး၊ နေပြည်တော် PDF မှ နှစ်ဦး၊ ကီးကူစစ်ကြောင်းမှ တစ်ဦးအသီး သီးဖြစ်ပြီး ရဲဘော်ငါးဦး မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ကြောင်း တပ်ရင်း ၃၅၀၂၊ ခွဲ ၂ ထံမှ သိရသည်။

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ထို့အပြင် ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်လျှက်ရှိရာ ဧပြီ ၇ ရက်နေ့က ဘိုးတော်ကုန်းကျေးရွာ ဆီပန့်အနီးတွင် ကင်းပုန်း၀ပ်နေသော စစ်ကောင်စီတပ် သားများကို ပုဝါနီပြောက်ကျားပွိုင့်မှ မိုင်းဖောက်ခွဲပြီး လက် နက်ငယ်ဖြင့်သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။