Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားဒေ့ရှ် သို့ စစ်ကောင်စီ နယ်ခြားစောင့်ရဲ ၉၀ နီးပါး ထပ်မံ ထွက်ပြေး

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာဖက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ BGPနဲ့ စစ်သား စုစုပေါင်း ၆၁၈ ဦးကို ​ဖေ​ဖော်ဝါရီလတုန်းက နှစ်သုတ်ခွဲပြီး ပြန်ပို့ခဲ့ရပြီး ဖြစ်ပါတယ်။

(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)
(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)

▪︎သုံးလ​ကျော်အတွင်း ဘင်္ဂလားဒေ့ရှ်ကိုထွက်​ပြေးတဲ့စစ်သားနဲ့ နယ်ခြား​စောင့်ရဲ တစ်​ထောင်ဝန်းကျင်ရှိလာ

People’s Spring

စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲ (BGP) တပ်ဖွဲ့ဝင် ၉၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပိုင်နက်ထဲ ထွက်ပြေး ခိုလှုံခဲ့ကြပြန်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသတွေမှာ အာရက္ခ တပ်တော် (AA)ရဲ့ ထိုးစစ်ကြောင့် BGPနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အရင်ကလည်း နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲထိ ထွက်ပြေးဝင်ရောက်တာတွေ ရှိခဲ့ဖူးပါတယ်။

(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)
(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)

မေလ ၅ ရက်နေ့က နတ်မြစ်ကို ကူးပြီး နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ BGPတွေဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဆီ လက်နက်ချခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ BGPတွေကို ဘင်္ဂလားဒေ့ရှ်ရဲ့ ဘယ်အာဏာပိုင် အဖွဲ့အစည်းတွေက လက်ခံ နေရာချထားပေးမလဲ ဆိုတာက မသဲကွဲသေးပါဘူး။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ် မီဒီယာတွေရဲ့ ဖော်ပြမှုအရ နတ်မြစ်ကို ဖြတ်ကူးလာတဲ့ BGP အင်အား ၈၈ ယောက်ရှိပြီး ကမ်းခြေစောင့်တပ်က သူတို့ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB)ဆီ လက်လွှဲပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်တုန်းကလည်း နောက်ထပ် BGP ၄၄ ယောက်ထက် မနည်းဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို အသက်လု ထွက်ပြေး ခိုလှုံလာခဲ့ဖူးပါတယ်။

(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)
(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာဖက်က တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ BGPနဲ့ စစ်သား စုစုပေါင်း ၆၁၈ ဦးကို ​ဖေ​ဖော်ဝါရီလတုန်းက နှစ်သုတ်ခွဲပြီး ပြန်ပို့ခဲ့ရပြီး ဖြစ်ပါတယ်။

ဧပြီလထဲမှာ စစ်​ကောင်စီတပ်သား နဲ့ နယ်ခြား​စောင့်ရဲ ၃၀၀ ​ခန့် ထပ်မံထွက်​ပြေးလာခဲ့သလို ၊​မေလ ၅ ရက်မှာလည်း နယ်ခြား​စောင့်ရဲ ၉၀ ခန့်ထပ်မံထွက်​ပြေးလာတယ်ဖြစ်ပါတယ်။ဒါ​ကြောင့် ၂၀၂၄ နှစ်ဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ် ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲတပ်ဖွဲ့ဝင် စုစု​ပေါင်း တစ်​ထောင်ဝန်းကျင် ရှိလာပြီဖြစ်ပါတယ်။

(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)
(ဘင်္ဂလားဒေ့ရှ်ထွက်​ပြေးတဲ့ စစ်​ကောင်စီတပ်သားနဲ့ နယ်ခြား​စောင့်ရဲများ။ဓါတ်ပုံ-​အေဂျင်စီများ)

ဆက်စပ်သတင်း တစ်ခုအဖြစ်ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်နားမှာ မြေမြှုပ်မိုင်းနင်းမိလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လူငယ်နှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိရပါတယ်။ ဒဏ်ရာရသူတွေဟာ နယ်စပ်မိုင်တိုင် အမှတ် ၄၇ နဲ့ ၄၈ ကြားက ကျေးရွာတွေမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်နဲ့ ၁၈ နှစ်အရွယ် ဒေသခံတွေပါ။

လူငယ်နှစ်ဦးဟာ မေလ ၄ ရက်နေ့တုန်းက ကျွဲနွား၊ ဒါမှမဟုတ် စိတ်ကြွဆေးပြားတွေ မှောင်ခို ရောင်းဝယ်ဖို့ နယ်စပ်နားကို တောလမ်းက ချဉ်းကပ်ချိန် မိုင်းနင်းမိခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက မှတ်ချက် ပေးထားပါတယ်။ ဒဏ်ရာရထားတဲ့ အခြေအနေတွေက စိတ်ပူစရာ ဖြစ်နေတာကြောင့် ကော့စ်ဘဇား ဆာဒါး ဆေးရုံဆီ နှစ်ဦးစလုံးကို လွှဲပြောင်းပေးထားလိုက်ရကြောင်းလည်း သိရပါတယ်။

ကိုးကား: Dhaka Tribune

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။