Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က​​လက်နက်ကြီးဖြင့်ပစ်ခတ်၍ သံတွဲနှင့်မောင်တောမြို့တွင်တစ်‌နေ့တည်းပြည်သူ ၁၁ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရ

စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ ယခုနှစ်မတ်လ ၂၁ရက်နေ့အထိ အရပ်သား ပြည်သူ ၁၇၉ ဦးသေဆုံးကာ ၄၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

(ရခိုင်ပြည်နယ် ၊​ကျောက်ဖြူမြို့နယ်တွင် ရပ်နားထား​သော​စစ်​ကောင်စီရေတပ်သ​ဘော်အချို့။ ဓါတ်ပုံ-The Narinjara)
(ရခိုင်ပြည်နယ် ၊​ကျောက်ဖြူမြို့နယ်တွင် ရပ်နားထား​သော​စစ်​ကောင်စီရေတပ်သ​ဘော်အချို့။ ဓါတ်ပုံ-The Narinjara)

ဆလိုင်းမာန်အောင်/People’s Spring

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ် သံတွဲနှင့်မောင်တောမြို့၌အထိနာ‌နေသည့် စစ်ကောင်စီတပ်က အရပ်သားများကိုပစ်မှတ်ထား၍တိုက်ခိုက်ရာ ​မေ၁၄ ရက်တစ်‌နေ့တည်း ၁၁ဦး သေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့သည်။

သံတွဲမြို့တွင် စစ်ကောင်စီရေတပ် နှင့် ဘားနဒ်တောင် စစ်စခန်းမှ ပစ်ခတ်သည်လက်နက်ကြီးသည် သံတွဲမြို့ ရွှေလှေရဲစခန်းအနီးရှိ အိမ်တစ်လုံးပေါ်သို့ကြားရပေါက်ကွဲပြီး အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးသေဆုံးကာ ၂ဦးဒဏ်ရာရခဲ့သည်ဟု သံတွံမြို့ခံများကပြောသည်။ရွှေလှေတံတားထိပ်တွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သက်ကြီးရွယ်အမျိုးသမီးနှစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရာခဲ့ကြောင်းသတင်းရရှိသည်။

“ဒီ‌နေ့ တိုက်ပွဲဖြစ်နေတာက ကွေ့ချောင်းမှာပါ။ ရွှေလှေမှာ ရင်ဆိုင်တိုက်ပွဲမဖြစ်ဘဲ နေဗီ(စစ်ကောင်စီရေတပ်)က‌နေ ပစ်တာ။ လူထိခိုက်သေဆုံးမှုက များလွန်းတယ်ဗျာ” ဟု စစ်ဘေးရှောင်နေသည့်သံတွဲမြို့ခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

အာရက္ခတပ်‌တော်AAသည် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိသူဌေးရေအားလျှပ်စစ်စီမံကိန်းနေရာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဧပြီလ ၂၂ရက်တွင်စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရွှေလှေ၊ ဒေါ်မြကျေးရွာနှင့် ပုရစ်ရေကောက်ကျေးရွာသည် ယင်းနေရာအနီး၌ရှိပြီး လင်းသီရွာနှင့်လည်း နီးသည်။ ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်း‌ ရှောင်နေကြသော်လည်း အချို့သည်ရွာထဲတွင်ကျန်ရှိနေခြင်းဖြစ်သည်။

ထိုအပြင် ​မေ ၁၄ ရက် ‌ည‌နေပိုင်းတွင်မောင်တောမြို့နယ် ကင်းချောင်းကျေးရွာကိုလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်များပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။ အမျိုးသား ၁ဦးအမျိုးသမီး ၃ဦး သေဆုံး၍ ၇ ဦးက ဒဏ်ရာရခဲ့သည်ဟုဒေသခံတဦးကပြောသည်။

“တပ်တော်(AA)က မြေပြင်စခန်းတွေကိုတိုက်နေတာရှိတယ်။ စစ်ကောင်စီပစ်ထာတာကတော့ အရပ်သားနေထိုင်ရာကျေးရွာတွေဖြစ်တယ်။ တိုက်ပွဲက အခုညဘက်လည်း ပစ်ခတ်သံတွေကြားနေရပါတယ်” ဟု မောင်တောမြို့ခံတစ်ဦးကပြောသည်။

မောင်တောမြို့တွင် ​မေ ၁၄ ရက်၌ စစ်​ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခြင်းသည် မောင်တောနှင့်ထိစပ်နေသည့် ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီစခန်းများကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေ၍ လေကြောင်းမှလာရောက်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကသုံးသပ်သည်။

​မေ ၁၄ ရက်ကတိုက်ပွဲ၌ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီဗျူဟာနှင့်အမြောက်တပ်ရင်းအပါအဝင် စစ်ကောင်စီတပ်ရင်း အချို့ ကို AA က ထပ်မံ သိမ်းပိုက်နိုင်​ကြောင်းသတင်းများထွက် ပေါ်လာသော်လည်း People’s Spring ကသီးခြား အတည်မပြုနိုင်သေးပေ။

ရခိုင်ပြည်နယ်၌ AAက ၂၀၂၃ နိုဝင်ဘာမှစ၍ ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ရေးအရအထိနာသည့် စစ်ကောင်စီက အရပ်ဘက် ပစ်မှတ်များကို ဦးတည် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ပြုလုပ်​နေသည်။ စစ်ရှုံးနေသည့်စစ်ကောင်စီသည် အရပ်သားများကိုပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်နေကြောင်းလည်း AAက သတိပေးထားသည်။

သံတွဲမြို့နယ်တွင် အောက်နတ်မော်ကျေးရွာ AA ထောက်ခံသည့်ရွာဟုဆိုကာ ဖျက်ဆီးပစ်ရန် စစ်ကောင်စီထောက်ခံသည့် လူမှုကွန်ရက်စာမျက်နှာများ၌ လှုံ့ဆော်ခဲ့ကြသလို စစ်ကောင်စီကလည်းလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

​မေ ၁၃ ရက်တွင်က စစ်ကောင်စီပစ်သည့် လက်နက်ကြီးကျည်သည် အောက်နတ်မော်ကျေးရွာသို့ကျ‌ရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး မီးလောင်ပျက်စီးကာအမျိုးသမီး ၂ ဦးနှင့်အမျိုးသားတစ်ဦးဒဏ်ရာရသွားကြောင်း သံတွဲမြို့ခံတဦးကပြောသည်။

စစ်ကောင်စီ၏တိုက်ခိုက်မှုများကြောင့် ၂၀၂၃ နိုဝင်ဘာ ၁၃ရက်မှ ယခုနှစ်မတ်လ ၂၁ရက်နေ့အထိ အရပ်သား ပြည်သူ ၁၇၉ ဦးသေဆုံးကာ ၄၆၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)မှ ဝိုင်းမော်မြို့ဘက်သို့ ယမန်နေ့(ဧပြီ ၂၅ရက်) ညပိုင်းက ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများအနက် နှစ်လုံးမှာ မြစ်ကြီးနားမြို့ ရှိ စစ်ကောင်စီ၏ မလိခဝန်ထမ်းအိမ်ရာအတွင်း ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

သတင်း

ဖားကန့်တွင် အင်အားဖြည့်ရန်လာ​သောစစ်​ကြောင်းအထိနာ၍ ​နောက်ပြန်ဆုတ်

သတင်း

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ သောင်ပုချောင် ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း တောင်ငူခရိုင် တပ် ရင်း(၃၅၀၂)မှ ပြန်ကြားရေးတာဝန်ခံက ပြော သည်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။