Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်နှင့် မောင်တောရှိဆေးရုံနှင့်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားပြည်သူများ ထိခိုက်သေဆုံး

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့် မောင်တောမြို့နယ်ရှိ အရပ်သား ပစ်မှတ်များကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူလူထု သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

မေလ ၁၅ရက် နံနက် အစောပိုင်းက ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး မေလ ၁၄ရက် နံနက်ပိုင်းက မောင်တောမြို့နယ် ကင်းချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – File Photo)

ဝဲကြီးထောင့်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံတစ်ခုလုံးနီးပါးပျက်စီးဆုံးရှုံးခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာ နှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရသူ ၂၀ဦး အနက် ၅ဦး ဒဏ်ရာရခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

မောင်တောမြို့နယ်တောင်ပိုင်းရှိ ကင်း‌ချောင်း‌ကျေးရွာအား စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင်လည်း အရပ်သားပြည်သူများ သေဆုံးထိခိုက်ခဲ့ကြောင်း AAက ထုတ်ပြန်ခဲ့သည့် ရုပ်သံ၌တွေ့ရသည်။ လူနေအိမ်၊ ကားအပါအဝင် ထိခိုက်ပျက်စီးမှုများစွာကိုလည်း ရုပ်သံ၌ တွေ့ရသည်။

“အကြမ်းဖက်စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ မောင်တောတောင်ပိုင်းက ကင်းချောင်းကျေးရွာကို နေပြီး ဂျက်နဲ့ ၂ခေါက်ပစ်သွားပါတယ်။ ..။ သူတို့ ပစ်သွားလို့ ပျက်စီးသွားတဲ့ မြင်ကွင်းတွေပါ။ အားလုံး ပျက်စီးသွားပါတယ်။ ဘုန်းကြီးကျောင်းကိုလည်း ပစ်သွားပါတယ်။” ဟု ဖြစ်စဉ်သို့ ရောက်ရှိနေသူက ရက္ခိုင်ဘာသာဖြင့် ပြောကြားမှုကို ရုပ်သံ၌ ကြားရသည်။

(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - File Photo)
(စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ထိခိုက်ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ – File Photo)

ရက္ခိုင်ဒေသ၌ စစ်ပွဲတိုင်းတွင် ရှုံးနိမ့်ကာအရှက်ရ ဒေါသထွက်နေသော စစ်ရှုံးစစ်ကောင်စီသည် လူမျိုးရေး အမုန်းတရားများကို အခြေခံပြီး တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေးများကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေခြင်းပင် ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။ ထို့အတူ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်းဖြစ်သည်ဟု ဖော်ပြထားသည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့်လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက် နေသော လုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ကြောင်း၊ AAအနေဖြင့်လည်း စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်များနှင့် ယခင်ကျူးလွန်ထားခဲ့သော မှတ်တမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံပြည်သူတွေ စစ်ရှောင်နေရတဲ့ကျေးရွာတွေကို စစ်တပ်က ပါရာမိုတာ၊ ဂျွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ နေအိမ်တွေနဲ့ စက်သုံးဆီဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရေးဘီလူးတပ်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး ရဲဘော် ၁၀ ဦးထက်မနည်းထိခိုက် သေဆုံးတယ်လို့ သိရပါတယ်။

သတင်း

ယောဒေသမှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေဟု ယောတပ်တော် ထုတ်ပြန်