Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်အကျဉ်းထောင်တွင် အစာရေစာမလောက်၍ ကိုယ်ခန္ဓာချိနဲ့နေပြီး နိုင်ငံရေးအကျဉ်းသားအချို့ တုတ်ဆွဲခြင်းဝေဒနာ ခံစားနေရဟုဆို

အကျဥ်းသားများသည် မိသားစုဝင်များက ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်ခြင်းမရှိတော့သည့်အတွက် အကျဉ်းထောင်မှ ကျွေးသည့် ထမင်းနှင့်ဟင်းကိုသာ အဓိက အားပြုနေရကြောင်း သိရသည်။

လွိုင်ကော်အကျဥ်းထောင်အား တွေ့ရစဥ်
လွိုင်ကော်အကျဥ်းထောင်အား တွေ့ရစဥ်

အောင်ဇေယျ/People’s Spring

ကရင်နီ(ကယား)ပြည်နယ်ရှိ လွိုင်ကော် အကျဉ်းထောင်တွင် အစာရေစာမလောက်၍ ကိုယ်ခန္ဓာချိနဲ့နေပြီး နိုင်ငံရေးအကျဉ်းသားအချို့ လေဖြတ်သကဲ့သို့ တုတ်ဆွဲခြင်းဝေဒနာ ခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှစ၍ လွိုင်ကော် မြို့တွင်း၌ စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်များကြား မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့ချိန်မှစ၍ လွိုင်ကော်အကျဉ်းထောင်၌ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့ဝင်များ ထောင်အတွင်းဝင်‌ရောက် တပ်စွဲနေရာယူခဲ့သည်။

လွိုင်‌ကော်မြို့ခံနှင့် အခြားကရင်နီဒေသရှိ ပြည်သူများ စစ်ဘေးရှောင်ရနေရ၍ အကျဉ်းထောင်သို့ မိသားစုဝင်များက ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်ခြင်း မရှိသည်မှာ အချိန်ကာလအားဖြင့် ၆ လကျော်ရှိပြီဖြစ်ကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အကျဥ်းသားများသည် မိသားစုဝင်များက ထောင်ဝင်စာပါဆယ်ပို့ဆောင်နိုင်ခြင်းမရှိတော့သည့်အတွက် အကျဉ်းထောင်မှ ကျွေးသည့် ထမင်းနှင့်ဟင်းကိုသာ အဓိက အားပြုနေရကြောင်း သိရသည်။

လက်ရှိ အကျဉ်းထောင်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များပင် ရိက္ခာကို ချွေတာစားသောက်နေရပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားများကို ပုံမှန်ကျွေးရန် သတ်မှတ်ထားသည့် ထမင်း၊ပဲဟင်းနှင့် တပတ်စာ အသားဟင်း (၄)တုံးကိုပင် မကျွေးမွေးနိုင်တော့ဘဲ ဆန်၊ငါးပိနှင့်ဆားကြမ်းကိုသာ ကျွေးလျက်ရှိကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

၆လကျော် ဆန်အကြမ်းနှင့်ငါးပိအနည်းငယ်ကိုသာ အသက်မသေအောင် အားပြုစားသောက်နေရသည့် နိုင်ငံရေးအကျဉ်းသားများသည် ဗီတာမင်ဓာတ်ပြည့်ဝသည့် အစားအသောက်များကို စားသောက်ရမှု မရှိခြင်း၊အချုပ်ခန်းပြင်ပတွင် သွားလာချိန် လွန်စွာနည်းပါးပြီး ကိုယ်လက်လှုပ်ရှားအားကစားများလုပ်ခွင့် ကန့်သတ်ခံထားရခြင်းများကြောင့် ကိုယ်ခန္ဓာများ ချိနဲ့နေပြီး နိုင်ငံရေးအကျဉ်းသား၊အကျဥ်းသူအချို့မှာ ထောင်အခေါ်တုတ် ဆွဲခြင်း (လေဖြတ်ရောဂါဝေသနာကဲ့သို့) ဝေဒနာကို ခံစားနေရကြောင်း PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“တုတ်ဆွဲတဲ့ဝေဒနာ ဗီတာမင်ဓါတ်ချို့တဲ့လို့ ကိုယ်အောက်ပိုင်းချိနဲ့တဲ့လူ အနည်းဆုံး ၅၀ဦးလောက်အထိရှိတယ်။ လွိုင်ကော်အကျဥ်းထောင်ထဲ အကျဥ်းသားလေးရာကျော်ရှိတော့ လေးပုံတစ်ပုံလောက်အထိဖြစ်နေတယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ယခုကဲ့သို့ အကျဥ်းသားများ အစားအသောက်ပြတ်လတ်မှု အချိန်ကြာမြင့်လာပါက ကျန်းမာရေး ချို့ယွင်းပြီး အာဟာရပြတ်လတ်၍ အချိန်မရွေး သေဆုံးသွားနိုင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အနေဖြင့် လွိုင်ကော်အကျဉ်းထောင်ရှိ အကျဥ်းသားများ လက်ရှိရင်ဆိုင်နေရသည့် ကျန်းမာရေးကိစ္စရပ်များနှင့် အခြေခံစားသောက်ရေးကိစ္စရပ်များကို ပို့ဆောင်ပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်မှသာ အကျဉ်းသားများ အသက်ရှင်နိုင်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတိပေးသည်။

လွိုင်ကော်အကျဉ်းထောင်ကို မြန်မာပြည်သူများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN)နှင့် နိုင်ငံတကာ လူအခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် မေ့မထားကြဘဲ အာရုံစိုက်ပေးရန်လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ တိုက်တွန်းသည်။

လွိုင်ကော်အကျဥ်းထောင်တွင် မတရားဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ(၁၁၀)ကျော် အပါအဝင် အကျဉ်းသားစုစုပေါင်း (၄၀၀)ကျော်ရှိနေကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ-Cj

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။