Connect with us

Hi, what are you looking for?

သတင်း

သံတွဲ၊ မောင်တောနှင့် မြောက်ဦးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သားအချို့ ထိခိုက်သေဆုံး

မောင်တောမြို့ (၄)မိုင် သီဟိုလ်ခြံနှင့် ငွေတောင်ကျေးအနီးတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

(ဆင်ခေါင်းရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ - Narinjara)
(ဆင်ခေါင်းရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ - Narinjara)

ဇော်ဟိန်း/People’s Spring

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် သံတွဲနှင့် မောင်တောမြို့အပြင် မြောက်ဦးမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့၍ အရပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

နာမည်ကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့တွင် ကမ်း‌ခြေဟိုတယ်ဇုန်အနီး တိုက်ပွဲပြင်းထန်နေပြီး ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက (ဇွန်လ ၄ ရက်) နေ့လယ် ၂နာရီခန့်မှ ညနေ ၄နာရီခန့်အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားများ ထိခိုက်သေဆုံးခြင်းဟု မြို့ခံများကပြောသည်။

ဆင်ခေါင်းကျေးရွာအား လေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား သုံးဦးထက်မနည်းသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ သေဆုံးသူများတွင် ကလေးမိခင်တစ်ဦးနှင့် ကျောင်းဆရာတစ်ဦးပါဝင်သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

(ဆင်ခေါင်းရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ - Narinjara)
(ဆင်ခေါင်းရွာအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ – Narinjara)

ယနေ့(ဇွန်လ ၅ရက်)တွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး သံတွဲမြို့ပတ်ဝန်းကျင်နေရာအများစုကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်နိုင်သည့်အနေအထားရှိပြီဟု ဒေသခံအချို့ကပြောပြီး ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနအချို့ကလည်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြောက်ဦးမြို့ကို ဇွန်လ ၄ရက် မွန်လွဲပိုင်းက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၅ရက်)တွင် မောင်တောမြို့၌လည်း AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။

မောင်တောမြို့ (၄)မိုင် သီဟိုလ်ခြံနှင့် ငွေတောင်ကျေးအနီးတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ထို့အပြင် ဘူးသီးတောင်၊ မောင်တောနှင့် သံတွဲမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ယင်းဒေသရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လုံခြုံရေးအတွက် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့ပါက အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း AAက မေလ ၂၀ရက်တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက အရပ်သားများအားဦးတည်၍ အကြမ်းဖက်တိုက်ခိုက်မှုများပိုမိုပြုလုပ်နေပြီး AA၏ စစ်ရေးရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ခိုက်သွားမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က VOA သတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီထိန်းချုပ်ရာ နယ်မြေများ၌ ပိတ်မိနေသော ပြည်သူများ လွတ်မြောက်နယ်မြေသို့လာရောက် နေထိုင်ကြရန်နှင့် အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်ထားကြရန် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီ ၁၀ ရက်က ကျရောက်သော AA၏ (၁၅)နှစ်မြောက် တပ်တော်နေ့ အခမ်းအနားတွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ သံတွဲနဲ့ ဂွမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး လေယာဉ်ဗုံးကြောင့် သံတွဲမြို့ခံ (၈၃)နှစ်အရွယ် အဖွားအို ၁ဦး သေဆုံးခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။