Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့ရှိ NUG​၏ ကြားကာလပညာ‌ရေးကျောင်းကို စစ်ကောင်စီ ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက်

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ဘောလုံးကွင်းအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဉ်

ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ ကြားကာလပညာ‌ရေးစာသင်ကျောင်းနှင့် ဘောလုံးကွင်းအတွင်းသို့ ယနေ့(ဇွန်လ ၁၅ရက်) နေ့လယ်တွင် စစ်ကောင်စီက ပေါင်၅၀၀ဗုံး သုံးလုံးကြဲချ တိုက်ခိုက်ခဲ့သည်။

နေ့လယ် ၁၂နာရီခန့်တွင် လေကြောင်းတိုက်ခိုက် ခြင်းဖြစ်ပြီး ကျောင်းပိတ်ထားခြင်းနှင့် ကျောင်းအတွင်း လူနေထိုင်ခြင်းမရှိသောကြောင့် လူထိခိုက်မှုမရှိခဲ့ကြောင်းကျွန်းလှမြို့နယ်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

” ထုံးစံအတိုင်း ယုတ်မာတာပါပဲ။ ကလေးတွေမထိတာတော်တော်လေးကံကောင်းတယ်”ဟု ကျွန်းလှမြို့မှ ကြားကာလပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ ကြားကာလပညာ‌ရေးစာသင်ကျောင်း
ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ ကြားကာလပညာ‌ရေးစာသင်ကျောင်း

ရွာကုန်းကြီးရွာရှိ ကြားကာလစာသင်ကျောင်း ဗုံးနှစ်လုံးကြဲတိုက်ခိုက်ခံရပြီး ယင်းနေရာအနီးဘောလုံးကွင်းသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေ။ သို့သော် စာသင်ကျောင်း မျက်နှာကျက်များပျက်စီးခဲ့ပြီး အိမ်မွေးတိရိစ္ဆာန်အချို့သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ထို့အပြင် ဒေသခံများက နောက်ထပ်လေကြောင်းတိုက်ခိုက်ခံရမည်ကိုဒေသခံများက စိုးရိမ်နေကြသည်။

ဇွန်လပထမလပတ်အတွင်းက စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ နေရာသုံးနေရာကို စစ်ကောင်စီက လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ခုနစ်ဦးအပါအဝင် ၃၀ခန့် သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နယ်မြေများအတွင်း စာသင်ကျောင်းများ ရက်အကန့်အသက်မရှိပိတ်ထားရန်နှင့် လူစုလူဝေးမလုပ်ကြရန် မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကျွန်းလှမြို့နယ်ရှိ ကြားကာလပညာရေးစာသင်ကျောင်းများ မည်ကဲ့သို့ဆက်လက် ဆောင်ရွက်မည်ကို မသိရှိရသေးပေ။ ကျွန်းလှမြို့နယ်တွင် လက်တလော၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေ။ စစ်ကောင်စီက မြို့ပေါ်၌ တပ်စွဲထားသည်။

(ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ ကြားကာလပညာ‌ရေးစာသင်ကျောင်းနှင့် ဘောလုံးကွင်းအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ဗုံးကြဲတိုက်ခိုက်ပြီးနောက် မြင်တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။