Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့သိမ်းတိုက်ပွဲတွင် ပုန်းနေသည့် စစ်​ကောင်စီဌာနဆိုင်ရာဝန်ထမ်းများကို အကြောက်မလွန်ရန် ​တော်လှန်​ရေးတပ်ဖွဲ့များအားပေး

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်​ကောင်စီ၏ဌာနဆိုင်ရာဝန်ထမ်းများသည် ကိုယ့်အစီအစဉ်နှင့်ကိုယ် ထွက်ပြေးပုန်း‌​​အောင်းခဲ့ကြရသည်ဟု သတင်းရရှိသည်။

(​ကျောက်မဲမြို့ ရှိ အမှတ် (၃၅၂) အ​မြောက်တပ်ရင်း နှင့်စစ်တပ်စခန်းများသိမ်းပိုက်ပြီး​နောက် TNLA ၊ MDY PDF နှင့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA ၊ MDY-PDF)
(​ကျောက်မဲမြို့ ရှိ အမှတ် (၃၅၂) အ​မြောက်တပ်ရင်း နှင့်စစ်တပ်စခန်းများသိမ်းပိုက်ပြီး​နောက် TNLA ၊ MDY PDF နှင့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA ၊ MDY-PDF)

ယောနသံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ​တော်လှန်​ရေးတပ်ဖွဲ့များက ထ်ုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်စဉ် ပုန်းအောင်းနေသည့် စစ်​ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများရှိရာသို့ TNLAနှင့်PDFတပ်ဖွဲ့ဝင်များက လာ​ရောက်ပြီး လုံခြုံရေးမရိမ်ရန်နှင့် အကြောက်မလွန်ရန် လာရောက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

“တိုက်ပွဲကကျွန်တော်တို့ရုံးရှေ့တွင် အနီးကပ်ဖြစ်နေတာ။ စစ်တပ်နဲ့ နီးတယ်လေ။ ကလေးတွေက တိုက်နေရင်းကနေ လာ‌အားပေးတာ” ဟု ကျောက်မဲမြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ယမန်‌နေ့(ဇွန်လ ၂၆ရက်) နေ့လယ်ပိုင်းအဖြစ်အပျက်ကိုပြောသည်။

(​ကျောက်မဲမြို့ ရှိ အမှတ် (၃၅၂) အ​မြောက်တပ်ရင်း နှင့်စစ်တပ်စခန်းများသိမ်းပိုက်ပြီး​နောက် TNLA ၊ MDY PDF နှင့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA ၊ MDY-PDF)
(​ကျောက်မဲမြို့ ရှိ အမှတ် (၃၅၂) အ​မြောက်တပ်ရင်း နှင့်စစ်တပ်စခန်းများသိမ်းပိုက်ပြီး​နောက် TNLA ၊ MDY PDF နှင့် ပူး​ပေါင်းတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-TNLA ၊ MDY-PDF)

ကျောက်မဲမြို့တွင် ဇွန်လ ၂၅ရက်တနေကုန် နှင့် ဇွန်လ ၂၆ရက် တနေကုန်တိုက်ပွဲဖြစ်ခဲ့သည်။ ခရိုင်အဆင့်ဌာနဆိုင်ရာအရာရှိများသည် တိုက်ပွဲမဖြစ်မီကပင် တောင်ကြီးမြို့သို့ သွားရောက်ရုံးထိုင်ပြီး လက်ရှိတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများသာ ကျန်ရှိနေဟုသိရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်​ကောင်စီ၏ဌာနဆိုင်ရာဝန်ထမ်းများသည် ကိုယ့်အစီအစဉ်နှင့်ကိုယ် ထွက်ပြေးပုန်း‌​​အောင်းခဲ့ကြရသည်ဟု သတင်းရရှိသည်။

“လူငယ်တွေက တက်ကြွနေတာပဲ။ သူတို့က ကျနော်တို့တွေပုန်းနေတဲ့နေရာဆီကိုရောက်လာပြီး အားပေးစကားပြောကြတာဗျ။ ဒီနေ့လည်း တိုက်ပွဲဆက်နေပါတယ်” ဟု အခြားစစ်​ကောင်စီ​၏ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးကပြောသည်။

ကျောက်မဲမြို့ နှစ်ရက်တာတိုက်ပွဲတွင်စစ်ကောင်စီ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊အမှတ်(၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းတို့ကို ​တိုက်ခိုက်သိမ်းပိုက်ထားသည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားသည်။ထို့အပြင် ကျောက်မဲမြို့အခြေစိုက် စကခ(၁)လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးလည်း TNLAထံ လက်နက်ချအညံ့ခံခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇွန်လအစောပိုင်းမှစတင်၍ တစ်ကျော့ပြန်စစ်ရေးတင်းမာလာစဥ် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့်မြို့အချို့ရှိ ခရိုင်ရုံးများမှ ဌာနဆိုင်ရာပစ္စည်းများကိုသိမ်းဆည်းထားရန် ညွှန်ကြားခဲ့သည်။ ဝန်ထမ်းများဘေးကင်းရေးအစီအမံများ မလုပ်ခဲ့ဘဲ မည်သည့်အ‌ခြေအနေမဆို ဌာနကို မစွန့်ခွာရန်သတိပေးခဲ့သည်ဟု ဝန်ထမ်းများကပြောသည်။

ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလက​မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့က တစ်မြို့ပြီးတစ်မြို့တိုက်ခိုက်သိမ်းပိုက်နေစဉ် ကျောက်မဲမြို့မှ ဌာနဆိုင်ရာရုံးများအားလုံး ဆိုင်းဘုတ်များဖြုတ်ချပြီး အရာရှိများက စစ်တပ်ထဲသို့သွားရောက်ပုန်းအောင်းနေခဲ့ကြသည်။အောက်ခြေဝန်ထမ်းများက ရုံးတွင် အစောင့်နေခဲ့ကြရသည်။ ရဲစခန်းတိုက်ခိုက်ခံရမည်ကို ကြောက်လန့်၍ စခန်းအဝင်ဝ၌ သာသနာ့အလံလွင့်ထူခဲ့ကြသည်။ ယခုတကြိမ်တွင်မူ သာသနအလံထောင်ချိန်မရလိုက်ဘဲ ရဲစခန်းလည်းသိမ်းပိုက်ခံလိုက်ရသည်။

TNLA၊PDF ပူးပေါင်းတပ်ဖွဲ့သည် ကျောက်မဲမြို့ကို ထိန်းချုပ်ထားပြီး လက်ကျန်စခန်းဖြစ်သည့် စစ်ကောင်စီခလရ( ၅၀၁)နှင့် (၅၀၂)ကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်